ရှေးနှစ်ပေါင်း နှစ်ထောင်ကျော်က ဗိဿနိုးမြို့တော်ကြီးသည် ယခု နတ်ကွယ်သဖြင့် ပျောက်နေသည်ဟု အဆိုရှိကြသည်။ယင်းမြို့တော်ကြီး၏ အရှင်မင်းမြတ် တစ်ပါးဖြစ်သော ဘီလူးမင်း၏သမီး ဖြစ်သည်ဆိုသော ပျူမင်းသမီးကြီးတစ်ပါးသည် ဂန္ဓာရအတက်တို့တွင် လွန်စွာ ကျွမ်းကျင်တော်မူသည်ဟူ၍ ကျွန်ပ်တို့ဖတ်ကြားခဲ့ရဖူး၏။သိုက်ညွှန်းစာများကလည်း ထိုအတိုင်းပင် ညွှန်းဆိုလျက် ရှိကြပေသည်။မင်းသမီးကြီးသည် ထိုလောကီဂန္ဓာရီအတက် တန်ခိုးတော်တို့ဖြင့် ရန်သူများအား ချောင်းရေများ ကျဆင်းစေပြီး ရေနောက်မျောပါစေလျက် ပျက်စီးရှုံးနိမ့်စေခြင်း၊ ဗိဿနိုးကြီးမြို့ကြီးအား ယန္တယားဌက်၏ ကျောကုန်းထက်၌တင်၍ အဝေးသို့ရန်သူနှင့်ကင်းဝေးရန် ပျံသွားစေခြင်း စသဖြင့် ထင်ရှားလေသည်။မင်းသမီးကြီးသည် ဘ၀က ဝဋ်ကြွေးမကင်းသဖြင့် ရန်သူ့နောက်သို့ ပါရမည်ရှိသည်ကို ကြို၍သိတော်မူသဖြင့် သူ၏လောကီဂန္ဓရီအတက်၊ အင်းအိုင်ခလှဲ့အတက်၊ယန္တယားအတက်တို့အား မင်းပုန်း ကုက္ကိုတောင်ပေါ်၌ လျှို့ဝှက်စွာ စီမံထားရစ်ခဲ့သည်ဟု သိုက်ညွှန်းများက ဖော်ပြလျက်ရှိလေသည်။
စာမျက်နှာ
383
စာအုပ်အရွယ်အစား
8.20x 0.6 x 5.0 inches
ပုံနှိပ်မှတ်တမ်း
ကံ့ကော်ဝတ်ရည်စာပေ၊ 2010 မေလ (စတုတ္ထ-ကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။