ဥရောပတွင် ဂျာမနီက ဒုတိယကမ္ဘာစစ်ကြီးကို စတင်မီးမွှေးချိန် ဝန်ရိုးစွန်အဖွဲ့ (Axis Powers) ဝင်များဖြစ်သည့် အီတလီနှင့် ကမ္ဘာ့အရှေ့ခြမ်းမှ ဂျပန်တို့လည်းအလိုအလျောက် ပါဝင်ပက်သက်ကြရသည်။ စစ်ပွဲကြီး ပဏာမအစတွင် အမေရိကန်ပြည်ထောင်စုက လက်ရှောင်ကာကြားနေခဲ့သည်။ သို့ရာတွင် ၁၉၄၁ ခုနှစ် ၊ဒီဇင်ဘာလ (၇) ရက်နေ့တွင် ဂျပန်တို့က အမေရိကန်တို့၏ ပစိဖိတ်ဒေသစစ်ဌာနချုပ် တည်ရှိရာ ဟာဝေယံကျွန်း ပုလဲဆိပ်ကမ်း ကို စစ်မကြေညာ၊ ဆိုင်းမပါ ဗုံမဆင့် ဘဲတိုက်ခိုက်ခဲ့သည်။ အမေရိကန်တို့ ဆိုးဆိုးဝါးဝါး အထိနာခဲ့သည်။ သည်အခါ သူချိုလျှင် ချိုချင်ပ၊ သူခါးလျှင် ဉာဏ်တူလို့ တမာပင်ထိပ်ဖျားမှာ ကြက်ဟင်းခါးသီးနိုင်ဟူသော စလေဦးပုည၏ စာချိုးနှင့်အညီ အမေရိကန်တို့ကလည်း မဆိုင်းမတွ လက်တုန့်ပြန်ခဲ့သည်။အစစအရာရာ ပြည့်စုံကုံလုံနေသော အင်အားကြီးပီပီ မီးကုန်ယမ်းကုန် တုန့်ပြန်သည်။ သည်တုန့်ပြန်သည့် ဖြစ်စဉ်များတွင် မစ်ဒ်ဝေး ရေကြောင်းတိုက်ပွဲကြီးသည် ပထမကမ္ဘာစစ်ကြီးမှ ဂျူလ်လန် (Battle of Jutland) ရေကြောင်းတိုက်ပွဲကြီးကဲ့သို့ပင် စစ်သမိုင်းတွင် မော်ကွန်းတင်ခံရသည်။ မှန်ပါသည် မစ်ဒ်ဝေး ရေကြောင်းတိုက်ပွဲကြီးသည် ဒုတိယကမ္ဘာစစ်ကြီး၏ ဖြစ်စဉ်ကို ပြောင်းလဲစေသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းကို အလှည့်အပြောင်းဖြစ်စေသည် တဖန်..” မစ်ဒ်ဝေ ” ရေကြောင်းတိုက်ပွဲကြီးသည် အမေရိကန်တို့ဘက်၌ ဗိုလ်ချုပ်ကြီး ” နီမစ် ” နှင့်ဂျပန်တို့ဘက်မှ ရေတပ်ဗိုလ်ချုပ်ကြီး ” ယာမာမိုတို ” တို့၏ဉာဏ်ရည်တိုက်ပွဲဟု တင်စားပြောဆိုပါက ပြောလို့ရပေလိမ့်မည်။ စွမ်းဆောင်ရည်ကောင်းလို့လား ကံကြမ္မာဖေးမလို့လား သည်အဆိုများကို ဟုတ်-မဟုတ် ၊ မှန်-မမှန် အကဲဖြတ်နိုင်ဖို့ဆိုလျှင် သည်ဖြစ်စဉ်ကို မှတ်တမ်းပြုထားသည့် သည်စာအုပ်ကို ဖတ်ကြည့်ပါ..။
စာမျက်နှာ
388
စာအုပ်အရွယ်အစား
5.5 x 0.5 x 8.4 inches
ပုံနှိပ်မှတ်တမ်း
ယဉ်မျိုးစာပေ၊ 2022 ဧပြီလ

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။