အခက်အခဲဆိုတာ နာမ်ဝိညာဥ်ထဲကနေ လွှင့်ပစ် နိင်တဲ့အရာ
ဒုက္ခ ဆိုတာ ရုပ်ဘဝထဲက မောင်းထုတ်နိုင်တဲ့အရာ
ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲကြုံကြုံ ယုံကြည်ချက် ဓားတစ်လက်နဲ့
ဒုက္ခနေ့ရက်တွေကိုခုတ်ဖြတ်ရင်း ဘဝအလင်းတန်းဆုပ်ကိုင်
အနိင်ရခဲ့သူဆယ်ကျော်သက် လူငယ်လေးတစ်ယောက်အကြောင်း။
ယခုပရိတ်သတ်ထံသို့အပ်နှံလိုက်သည့်ရှင်သန်ခွင့်ဒိုင်ယာရီစာအုပ်နှင့်ပါဆိုရင်စာရေးသူအနေဖြင့်စာအုပ်များရေးသားလာခဲ့သည်မှာဆယ်အုပ်မြောက်ရောက်ရှိခဲ့ပြီဖြစ်သည်။ယခုစာဖတ်ပရိတ်သတ်များထံသို့အပ်နှံလိုက်သည့်ရှင်သန်ခွင့်ဒိုင်ယာရီစာအုပ်သည်အမေရိကန်စာရေးဆရာGary paulsen ရေးသားထားသောHatchet ကိုဘာသာပြန်ပေးထားခြင်းဖြစ်သည်။တရားဝင်ကွာရှင်းထားသောမိဘနှစ်ပါးမှကြီးပြင်းလာခဲ့ပြီးမိခင်ဖြစ်သူဆီတွင်ကိုးလဖခင်ထိမ်းချုပ်မှုအောက်တွင်သုံးလနေထိုင်ရန်တရားသူကြီးမှအမိန့်ချမှခဲ့ရာအဖေနေထိုင်ရာကနေဒါနိုင်ငံသို့အပေါ့စားပို့ဆောင်ရေးလေယာဥ်ငယ်လေးဖြင့်သွားရောက်ခဲ့ရာမှလေယာဥ်ပျက်ကြခဲ့သည်။လေယာဥ်ပျက်ကြကာတောထဲတွင်ဒုက္ခမျိုးစုံဖြင့် ၅၄ရက်တာသောင်တင်ခဲ့ရသောအသက်၁၃နှစ်သားအရွယ်လူငယ်လေးတစ်ယောက်၏အသက်ရှင်သန်ခွင့်လွတ်မြောက်ခဲ့ပုံကိုယ်တွေ့ဖြစ်ရပ်အားအခြေခံကာစိတ်ကူးစိတ်သန်းနှင့်ပေါင်းစပ်ရေးသားထားသောစာရေးဆရာဂယ်ရီပေါလ်ဆန်လက်ရာကိုဘာသာပြန်ဆိုပေးထားခြင်းဖြစ်သည်။ဂယ်ရီပေါလ်ဆန်သည်အမေရိကန်စာကြည့်တိုက်အသင်းကြီးကနှစ်စဥ်ချီးမြှင့်သောNewbery Honorဆု(ဆယ်ကျော်သက်လူငယ်များအတွက်အကျိုးပြုစာပေရေးသားထုတ်ဝေသောဆု)ကိုသုံးကြိမ်တိုင်ရရှိခဲ့သောစာရေးဆရာတစ်ဦးဖြစ်သည်။ယခုမူရင်းစာအုပ်သည်ထူးခြားသည်ဟုဆိုရမလောက်ပင်။ထွက်ရှိခဲ့သည့်၁၉၈၆နိဝင်ဘာတစ်ရက်နေ့မှစ၍နှစ်စဥ်နှစ်တိုင်းအမေရိကန်နိင်ငံတွင်Bestseller စာရင်းဝင်ခဲ့ပြီး Amozon. com တွင်လည်းကြယ်ငါးပွင့်ရအရောင်းရဆုံး စာရင်းဝင်နေဆဲစာအုပ်တစ်အုပ်ဖြစ်သည်။ယခုHatchet စာအုပ်နှင့်လည်းစာရေးဆရာဂယ်ရီပေါလ်ဆန်မှာnewbery Honor ဆုရှိခဲ့သည်။ယခုစာအုပ်သည်စာအုပ်ရေဆယ်သန်းကျော်ရောင်းချထားပြီးသောHatchet စာအုပ်စီးရီးငါးအုပ်မှပထမဥိးဆုံးစာအုပ်တစ်အုပ်လည်းဖြစ်ပါသည်။ယခုရှင်သန်ခွင့်ဒိုင်ယာရီစာအုပ်အားအခက်အခဲများကြားမွန်းကြပ်ပိတ်လှောင်နေသောသူတိုင်းသာမကရှင်သန်ခွင့်ကိုလက်မြောက်အရှုံးပေးလိုသူလူငယ်တိုင်းထိုထက်ပို၍ ငါ့ဘဝကြီးကရှင်သန်ရတာအဓိပ္ပါယ်မဲ့လိုက်တာပဲဟုဆိုသူတိုင်းဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်ဖြစ်သည်စုဆိုချင်ပါသည်။
စာမျက်နှာ
150
ပုံနှိပ်မှတ်တမ်း
Ind English၊ 2022 မေလ ၊ (ပ-အကြိမ်)
စာအုပ်ထွက်မည့်ရက်
5.5.2022

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။