ဘဝက ကြမ်းတယ်။
ဘဝက နာတယ်။
ဘဝအစစ်ကို စာရေးတဲ့အတတ်နဲ့
ထင်ဟပ်ထားတဲ့
ရသ၀တ္ထုတစ်ပုဒ်…
• အာကာစိုးသူ ရေးပုံက သူ့ဘဝ သူ့ဝန်းကျင် သူတွေ့ရ ကြုံရပုံများကို ရိုးရိုးရှင်းရှင်းလေး ရေးပြသွားတာ စိတ်ဝင်စားစရာကောင်းပါတယ်။ စာဖတ်သူကို သူနဲ့အတူ ဆွဲခေါ်သွားနိုင်တယ်။ ဒီအထဲမှာပဲ ရသမျိုးစုံကိုလဲ ကျွဲကူးရေပါ ဆိုသလို ထိတွေ့ခံစားသွားရတယ်။ ဘဝမှာ ကြုံတွေ့ရတာတွေကလဲ စိတ်အားပျက်စရာ စိတ်အားတက်စရာ စိတ်နောက်စရာ စိတ်ကြည်နူးစရာအပြင် အချစ်လဲပါတယ်။ အိမ်ထောင်ရေးလဲပါတယ်။ လွမ်းမောစရာများ၊ နက်ရှိုင်းတဲ့ ခံစားမှုများကိုလဲ ရင်နင့်စရာ ကြုံရတယ်။ လူငယ်တွေဖတ်ရင် ဘဝအသိအမြင်နဲ့ ဆင်ခြင်စရာတွေရမယ်။ မိမိဘဝကို မှန်ကန်စွာ ထိန်းကျောင်းနိုင်ဖို့ အတုယူစရာများစွာရမယ်။
ဝတ္ထုကောင်းတစ်ပုဒ်ဆိုတာ ဖတ်နေစဉ်မှာ စိတ်ဝင်စားအောင် ဆွဲဆောင်မှုရှိရမယ်။ ဖတ်ပြီးသွားရင် တစ်စုံတစ်ခု ကောင်းကျိုးပြုရမယ်။ အာကာစိုးသူရဲ့ ” နာကျင်အချိန်ပို ” ဝတ္ထုဟာ ဖတ်နေစဉ် စိတ်ဝင်စားအောင် ဆွဲဆောင်မှုရှိတယ်။ ဖတ်ပြီးတော့လဲ ဘဝနေနည်းနဲ့ ပတ်သက်ပြီးဆင်ခြင်စရာများစွာရပါတယ်။
(ဆရာကြီးလယ်တွင်းသားစောချစ်)
——-
• စာအုပ်ကို လှန်လိုက်တော့ မသားမနားကြိုဆိုနေတဲ့ မိတော။ (မိတောဆိုတာ ကိုအာကာစိုးသူရဲ့ ဇာတ်ကောင်ကို ဆိုလိုခြင်းပါ။ ကိုအာကာစိုးသူရဲ့ မိခင်ကို အဂါရဝပြုခြင်း မဟုတ်ပါ။) မိတောတစ်ယောက် ယောက်ျားရကလည်း ဟန်မကျဘူး။ ကိုစိုးကို မျိုးရိုးတော့ ကြည့်ယူတာပဲ။ ဒါပေမဲ့ သူ့ဟာသူ ဖဲသမားဖြစ်နေတာတော့ မတတ်နိုင်ဘူးဆိုသလို။ သုံးစားမရ။ ဖဲသမားကလည်း ဖြစ်ချင်လို့ ဖြစ်တယ်တော့ မထင်နဲ့။ အူတူတူ အတတဖြစ်မှာစိုးလို့ ကိုစိုးအစ်မတွေက ရိုက်ခိုင်းသတဲ့။ အဲဒီလို။
ဘဝက ကြမ်းတယ်။
ဘဝက နာတယ်။
ဘဝအစစ်ကို စာရေးတဲ့အတတ်နဲ့ ထင်ဟပ်ထားတော့ ဆိမ့်တယ်။
ဘာပဲဖြစ်ဖြစ်ပါ။ ကိုအာကာစိုးသူ ရိုးရိုးကြီး ရေးပြထားတာ။ တစ်ခုတော့ သတိထားရမယ်။ တန်းကျမန်းကျကောင် မဖြစ်အောင်နေမှ ရမယ်လို့။
ဘောလုံးပွဲ တစ်ပွဲရဲ့ နာကျင်အချိန်ပိုဟာ ဂိုးရလဒ်ကို ပြောင်းလဲပစ်နိုင်စွမ်းတယ်။
ဒါဆို… ။
ကိုအာကာစိုးသူရဲ့ နာကျင်အချိန်ပိုကရော…။
မျှော်လင့်ချက်နဲ့ ဝယ်ဖတ်တာထက် ခံစားချက်နဲ့ ဝယ်ဖတ်ကြည့်ပါ။ အရာရာဟာ အဝါ… ။
(နိုင်ကြည်သားနေ)
စာမျက်နှာ
331
စာအုပ်အရွယ်အစား
5.4 x 0.7 x 8.0 inches
ပုံနှိပ်မှတ်တမ်း
ပထမအကြိမ် ၊မတ်လ 2022

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။