– လူငယ်တွေမှာ အနာဂတ်ရှိပါတယ်။ အဲဒီအနာဂတ် ကျပျောက်မသွားဖို့ လူငယ်တွေပဲ ကိုယ်တိုင်တည်ဆောက်ရမှာဖြစ်ပါတယ်။
အတိတ်မှာဖြစ်ပျက်ခဲ့တဲ့သင်ခန်းစာတွေရှိတယ်။ လက်ရှိပစ္စုပ္ပန်အချိန်မှာရင်ဆိုင်ကျော်လွှားနေရတဲ့အခက်ကြီးတွေရှိတယ်။ အဲဒီလို သင်ခန်းစာယူစရာ၊ နာကြည်းစရာတွေပြည့်နှက်နေပါရဲ့နဲ့ ရှေ့တိုးဖို့သတ္တိတွေနည်းနေမယ်။ ရင်ဆိုင်ကျော်လွှားဖို့ တုံ့ဆိုင်းနေဦးမယ်ဆို အနာဂတ်က ချားရဟက်လိုလည်နေဦးမှာပဲ။
ဒီစာအုပ်ကအနာဂတ် မပျောက်ဖို့ လမ်းတွေရှိတယ်ဆိုတဲ့အကြောင်း ညွှန်းဆိုပေးရုံပါ။ ပိုကောင်းတဲ့လမ်းကတော့ ကိုယ်တိုင်ပဲရှာကြရမှာပါ။ အနာဂတ်ဖတ်စာမှာ ကိုယ်ရေးထိုးခဲ့တဲ့သမိုင်း လှနေပါစေ။
ဒီစာအုပ်ကို ဖော်ပြပါ စာမူအပုဒ် ၂၀နဲ့
ဖွဲ့စည်းထားပါတယ်။
၁။ လူငယ်နှင့်အခွင့်အလမ်း
၂။ လူငယ်နှင့်စီးပွားရေး
၃။ လူငယ်နှင့်အောင်မြင်ရေး
၄။ လူငယ်နှင့် လူကြီး
၅။ လူငယ်နှင့် အင်တာနက်
၆။ လူငယ်နှင့် နိုင်ငံရေး
၇။ လူငယ်နှင့် အခွင့်အရေး
၈။ လူငယ်နှင့် ဘာသာရေး
၉။ လူငယ်နှင့် ပရဟိတ
၁၀။ လူငယ်နှင့် စံပြ
၁၁။ လူငယ်နှင့် ထမင်းတစ်လုံးရဲ့တန်ဖိုး
၁၂။ လူငယ်နှင့် ချစ်သူများနေ့ဆိုတာ
၁၃။ ပျံတက်နေသည့် လူငယ်များ
၁၄။ လူငယ်နှင့် ရိုက်ချိုးမိနေသော အနာဂတ်
၁၅။ လူတွေဘာလို့စာဖတ်ဖို့လိုတာလဲ
၁၆။ လူငယ်နှင့် ပြည်သူ့နီတိ
၁၇။ လူငယ်နှင့် မြင့်မြတ်တဲ့အလုပ်
၁၈။ အကောင်းနှင့် မတန်ကြသူများ
၁၉။ လူငယ်နှင့် စာအုပ်စာပေ
၂၀။ လူငယ်နှင့် ပညာရေး

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။