လုပ်ချင်တာလုပ်ခွင့်ရှိသော တိုင်းပြည်

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ကဗျာနှင့်အက်ဆေးစာအုပ်များ
  • ဈေးနှုန်း
    3000 MMK
  • ရရှိနိုင်မှု
    5 In Stock
  • စာရေးသူ
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

ဤစာအုပ်သည် သာမန်ရေးနေကျလို စာအုပ်မျိုးမဟုတ်ဘဲ ပုံပြင်စာစုလေးသာ ဖြစ်ပါတယ်။

ထိုတိုင်းပြည်သည် လုပ်ချင်တာလုပ်ခွင့်ရှိသော တိုင်းပြည်ဖြစ်သည်။ထိုတိုင်းပြည်တွင်ရှိသော သူများသည် ကိုယ် လုပ်ချင်သည်များကို လွတ်လပ်စွာ လုပ်ခွင့်ရှိကြသည်။ ဆန္ဒပြချင်သူက ဆန္ဒပြခွင့် ရှိသည်။ ဖမ်းချင်သူက ဖမ်းချင်သလို ဖမ်းခွင့်ရှိသည်။ ကျူးကျော်သူက ကျူးကျော်ချင်သလို ကျူးကျော်ခွင့်ရှိသည်။ မြေသိမ်းချင်သူက သိမ်းချင်သလို သိမ်းခွင့်ရှိသည်။ သစ်ပင်စိုက်သူက စိုက်ချင်သလို စိုက်ခွင့်ရှိသည်။ သစ်ပင်ခုတ်သူက သစ်တောပြုန်းတီးသည်အထိ ခုတ်ခွင့်ရှိသည်။ ငတ်သေသူများ ငတ်သေခွင့်ရှိသလို၊ ချမ်းသာသူများ စိတ်ကြိုက် ချမ်းသာခွင့် ရှိသည်။ တော်လှန်ချင်သူက လက်နှင့်တော်လှန်ခွင့်ရှိသလို သေနတ်ရှိသူများကလည်း ရှိသောသေနတ်နှင့် စိတ်ကြိုက်ပစ်ခွင့်ရှိသည်။ကိုးကွယ်ချင်သူက ကိုးကွယ်ချင်ရာ ကိုးကွယ်ခွင့်ရှိသလို အယူသီးသူများကလည်း အစွန်းရောက် အယူသီးခွင့်ရှိသည်။ ပြောချင်သူက ပြောချင်တာပြောခွင့်ရှိပြီး လုပ်ချင်သူက လုပ်ချင်သလိုလုပ်ပိုင်ခွင့်ရှိသည်။ ခရီးသည်များ ခရီးသွားခွင့်ရှိပြီး မော်တော်ကားများလည်း မှောက်ချင်သလို မှောက်ခွင့်ရှိသည်။ တရားစွဲဆိုခံသူများက တရားစွဲဆိုခံရပြီး တရားစွဲသူများက စိတ်ကြိုက်ပုဒ်မတပ် တရားစွဲခွင့်ရှိသည်။ ဟုတ်တာလုပ်ပြီး စိတ်ညစ်ခွင့်ရှိသလို မဟုတ်တာ လုပ်နေသူများလည်း ပျော်ရွှင်ခွင့်ရှိသည်။ ထိုတိုင်းပြည်သည် စိတ်ညစ်သူများ စိတ်ညစ်ခွင့်ရှိပြီး ပျော်ရွှင်သူများ အတိုင်းမသိ ပျော်ရွှင်နိုင်သောတိုင်းပြည် ဖြစ်သည်။ ထို့ကြောင့် ထိုတိုင်းပြည်သည် လုပ်ချင်ရာလုပ်ခွင့်ရသော တိုင်းပြည်ဖြစ်သည်။ သင် ပျော်ရွှင်က ပျော်ရွှင်နိုင်ပြီး ဝမ်းနည်းလိုပါကလည်း ဝမ်းနည်းခွင့်ရှိပါသည်။

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950