ဘဝမှာ
စိုးရိမ်ပူပန်စရာတွေများလွန်းတော့
ဘာမှ စိုးရိမ်ပူပန်မနေပါနဲ့ အချစ်ကလေး
ငါ
သဇင်ပန်းလို
ပန်းပျံပင်ဆင့်ခွန်အားတွေ
မွေးမြူထားပါတယ် အချစ်ရယ်’- လူဇော်သစ်
ခေတ်ဆိုးအမှောင်ကြားမှာ တို့တွေ ဆုံတွေ့ခဲ့ကြတယ်။ ငါ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ မင်းရဲ့လက်ချောင်းလေးတွေမှာ ခွန်အားတွေ မဲ့နေပြီလား။ အချစ်ရေ … တို့အချစ်က ဘဝနဲ့တစ်သားတည်းမို့ အစစအရာရာ မလွယ်ဘူးနော်။ မင်းဒုက္ခကလည်း ကိုယ့်ဒုက္ခ။ မင်းသောကကလည်း ကိုယ့်သောက။ နှလုံးသားချင်းထပ်ခဲ့ပြီးမှတော့ မင်းဘဝကလည်း ကိုယ့်ဘဝပဲပေါ့။ ဘာပဲဖြစ်ဖြစ် တို့အချစ်က ပျော်စရာကြီးပါကွာ။ မျက်ရည်တွေက ခွန်အားပေါ့။
‘မင်းမျက်ဝန်းထဲက ကြားရတဲ့ ရုပ်ရှင်
ငါ မကြည့်ဖြစ်တဲ့ မင်းစကားလုံး
နွေဦးကို သစ်ရွက်ခြောက်တွေ ကျီစယ်သလို
မင်းဆံနွယ်တွေက ငါ့ကို
ကလူ၏သို့ မြူ၏သို့’ – တိုးနှောင်မိုး
ဒီကဗျာစာအုပ်ဟာ လွန်ခဲ့တဲ့ နှစ်(၂ဝ)လောက်ကထုတ်ဝေခဲ့တဲ့စာအုပ်ဖြစ်ပြီး ယခု ဒုတိယအကြိမ်အဖြစ် ပြန်လည်ထုတ်ဝေလာတာ ဖြစ်ပါတယ်။ လက်ရှိအချိန် စာပေနယ်မှာ နေရာတစ်နေရာအခိုင်အမာရရှိထားကြတဲ့ ကဗျာဆရာတွေရဲ့ ငယ်နုစဉ်ကလက်ရာလေးတွေလည်း ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။