သည်မြို့ကလေးတွင် ရာသီအလိုက်ပန်းတွေ ပွင့်ခဲ့ကြသည်။ အခုလည်း ပွင့်နေကြဆဲဖြစ်သည် သို့သော် ပျော်ရွှင်ခြင်းဟု နာမည်ပေးထားသော ပန်းတွေမပွင့်ခဲ့ကြသည်မှာ နှစ်ပေါင်းမတော်ကြာပြီ။ ထို့ကြောင့်ဘုရားစေတီများတွင်လည်း ပျော်ရွှင်ခြင်းပန်းတွေ မလှူနိုင်ခဲ့။ မိန်းမပျိုကလေးများ၏ ခေါင်းပေါ်တွင်လည်း ပျော်ရွှင်ခြင်းပန်းတွေ မဝေနိုင်ခဲ့။ ပျော်ရွှင်ခြင်း ပန်းပွင့်များကို မြင်ဖူးသူဟူ၍ မရှိသလောက် ရှားပါးနေလေပြီ။ နောက်မျိုးဆက်သစ်များ ကဆိုလျှင် ပျော်ရွှင်ခြင်းပန်းဆိုသည်ကို ဒဏ္ဍာရီထဲမှာသာရှိသော ပန်းအဖြစ် ယူဆနေကြပြီလေ။ သည်မြို့ကလေးကို ခရီးဧည့်သည်တွေ မျက်စိကျတက်ကြသည်မှာ ကံကောင်းသည်ဟုပင် ပြောရမလား မသိ။ မြို့ကလေးရှိ ရှေးဟောင်းအဆောက်အအုံများ၊စေတီပုထိုးများနှင့် ခေတ်မမှီတော့သော လူနေမှုဟန်ပန်များကို လာရောက်ကြည့်ရူလေ့လာကြခြင်းပင် ဖြစ်သည်။ခရီးသွားများအနေဖြင့် သူတို့ကျော်လွန်ခဲ့သော အတိတ်ကာလတစ်ခုကို လာကြည့်ကြခြင်းလည်းဖြစ်နိုင်သည်။မည်သို့ဖြစ်စေ ၊ မြို့ကလေး၏ ဘူတာရုံနှင့် ကားဂိတ်ကလေးတို့တွင် လာရောက်လည်ပတ်သော ဧည့်သည်များ၏ အဝင်အထွက် ခြေထောက်များ ရှုပ်ထွေးနေကြသည်။ သို့သော် သည်မြို့ကလေးဆီ ပျော်ရွှင်ခြင်းဧည့်သည်တွေ အလည်ရောက်မလာခဲ့သည်မှာ ဆယ်စုနှစ်ချီ၍ကြာမြင့်ခဲ့လေပြီ။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။