… သူရဲကောင်းဝါဒဆိုတာ ဘာလဲ။
#သူရဲကောင်းဆိုတာ ရှိလို့လား။
ဒီမေးခွန်းရဲ့အဖြေဟာ စိနသူရဲကောင်းကာမဏိကို ခေါင်းဖြတ်အနိုင်ယူခဲ့တဲ့ မွန်သူရဲကောင်း သမိန်ဗရမ်းထံမှာ ရှိပါလိမ့်မယ်။ စိနတို့ ကျူးကျော်ရန်စတာကို မခံနိုင်လို့ လက်တုံ့ပြန်အနိုင် ယူခဲ့ပေမယ့် သူ့ကိုယ်သူ ဘယ်တော့မှ သူရဲကောင်းဘွဲ့ မခံယူခဲ့တဲ့ သမိန်ဗရမ်းဟာ “ငါ့ လေး၊ မြား၊ ဒိုင်း၊ လှံတွေက ဘယ်သူ့အတွက်လဲ။ ဘယ်သူ့ကို အကျိုးပြုနေသလဲ၊ တို့အချင်းချင်း ဘာမှ အဓိပ္ပာယ်မရှိဘဲ ဓားတွေနဲ့ တချွန်ချွန်လုပ်မနေနဲ့တော့လို့” … ဆိုပြီး သူရဲကောင်းဝါဒကို အမြစ်လှန်ပြလိုက်ပြန်တယ်။
ငြိမ်းချမ်းနေရင် သူရဲကောင်းဆိုတာ လိုအပ်လို့လား။
ဆရာလှိုင်းထက်ရဲ့ ယခုစာအုပ်မှာ အဲဒီလို “သူရဲကောင်းဆိုတာ”၀တ္ထုတိုအပါအဝင် စာရေးသူစိတ်ကြိုက် ရွေးချယ်ထားတဲ့ လက်ရွေးစင်ဝတ္ထုတိုပေါင်း(၁၅)ပုဒ် ပါဝင်ပါတယ်။ စတိုင်သစ်၊ အိုင်ဒီယာ၊ ရုပ်ရှင်တေးကဗျာ၊ မြားနတ်မောင်၊ ရနံ့သစ်၊ ရတီ၊ မြို့တော်၊ စာရေးဆရာ၊ စာပေဂျာနယ်၊ ပေဖူးလွှာ၊ မြန်မာ့ဓန၊ ဧရာဝတီအွန်လိုင်း … စတဲ့မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြခံရတဲ့ဝတ္ထုတိုတွေအပြင် အခြားစာပေဆုရဝတ္ထုတိုတွေကိုလည်း ထည့်သွင်းစုစည်းထားပါတယ်။
အတွေးသစ်၊ ရေးသားဟန်အသစ်နဲ့ ဖန်တီးပုံဖော်ထားတဲ့ ၀တ္ထုတိုလက်ရာအသစ်တွေလို့ ညွှန်းဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။