သူ့ဘဝ ကိုယ့်ဘဝ
သူ့အဖြစ် ကိုယ့်အဖြစ်နဲ့ပါပဲ။
မန္တလာမြေထွက် ကလောင်ပန်းကလေးတွေထဲမှာ မေ၊ ဝင့်၊ မြင့်၊ ကို လို့ သညာတွင်ကြတဲ့ စာရေးဆရာမ သူငယ်ချင်းလေးဦးကို စာချစ်သူပရိသတ်များ သိရှိကြပြီး ဖြစ်မှာပါ။
အဲဒီလေးဦးထဲကမှ ဘုရားကြီးသူဖြစ်တဲ့ ဆရာမ မေမောင်နဲ့ နန်းတော်ရှေ့သူဖြစ်တဲ့ ဆရာမ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)တို့ နှစ်ယောက်ရဲ့ “သူနဲ့… ကိုယ်၊ ကိုယ်နဲ့… သူ” ဆိုတဲ့ မဂ္ဂဇင်းဝတ္ထုရှည်များ စာအုပ်လေး ထွက်ရှိပါပြီ။
ဒီစာအုပ်လေးထဲမှာ ဆရာမ မေမောင်နဲ့ ဆရာမ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)တို့ နှစ်ဦးသားရဲ့ သူ့အကြောင်း ကိုယ်ရေး၊ ကိုယ့်အကြောင်း သူရေးထားတဲ့ “သူနဲ့ ကိုယ်၊ ကိုယ်နဲ့ သူ” ဆိုတဲ့ နှစ်ယောက်ပေါင်း တပုဒ် ဝတ္ထုရှည်အပြင် …
ဆရာမ မေမောင်ရဲ့
– “လွမ်းချင်းရှည်တပုဒ်၏ နိဂုံး”
– “လွမ်းတယ်လို့တော့ မဟုတ်ပါဘူး”
ဆရာမ ဝင်းဝင်းမြင့်(နန်းတော်ရှေ့)ရဲ့
– “ချစ်သူရဲ့ ဇာတ်ကောင်”
– “အလှဖျက်ပိုး”
စတဲ့ မဂ္ဂဇင်းဝတ္ထုရှည် လေးပုဒ် ပါဝင်ပါတယ်။
“သူနဲ့ ကိုယ်၊ ကိုယ်နဲ့ သူ” ဆိုတဲ့ နှစ်ယောက်ပေါင်း တပုဒ် ဝတ္ထုရှည်လေး ဖတ်အပြီးမှာ ဆရာမ နှစ်ဦးသားရဲ့ သူငယ်ချင်းသံယောဇဥ် နှောင်ကြိုးကို မြင်ရသလို တဦးအပေါ် တဦး ထားကြတဲ့ မေတ္တာတရားကိုလည်း စာဖတ်သူတို့အနေနဲ့ ဆွတ်ပျံ့စွာ ခံစားမိကြမှာ အသေအချာ။
ရှင်သန်ကြရာ သံသရာမှာ
မိတ်စစ် ဆွေစစ်
သူငယ်ချင်း အစစ်
အပေါင်းအသင်းအစစ်
ဖြူစင်ချစ်ခြင်းနဲ့ ဖော်တသင်းရှိရင်
သူ့ ကိုယ် ဖေးမ
ကိုယ့် သူ ဖေးမနဲ့
နေရလည်း ပျော်
သေရလည်း မော်နိုင်မှာ။
သူ့ဘဝ ကိုယ့်ဘဝ
သူ့အဖြစ် ကိုယ့်အဖြစ်နဲ့ဆိုပေမယ့်
သူနဲ့ ကိုယ်ကြား
ချစ်မေတ္တာ သွယ်ဆက်တော့
သူဟာလည်း ကိုယ်

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။