ကျွန်တော်တို့ သိတဲ့ ဇဏ်ခီ ဆိုတာ အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင် ၊ အဆိုတော် ၊ ချစ်စရာကောင်းသော မိသားစုကို ပိုင်ဆိုင်ထားသူ ၊ သူ့ပုံတွေကို ကြည့်လိုက်ရင် အမြဲတမ်း ပြုံးပျော်ရွှင်နေသူ တစ်ယောက်ဖြစ်တယ် ။ ဘဝမှာ ဘာအခက်အခဲမှ မကြုံရဘဲ ပြီးပြည့်စုံနေတယ်လို့ ထင်ရတယ် ။ ကျွန်တော်တို့ အထင် မှန်ပါရဲ့လား ။
ဒီစာအုပ်ကို ဖတ်လိုက်မှ စိတ်ကျခြင်း ခံစားဖူးတဲ့ ဇဏ်ခီ ၊ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ယူနေရတဲ့ ဇဏ်ခီ ကို တွေ့မြင်ရမှာပါ။ တစ်ခုရှိတာက ဒီဆောင်းပါးတွေဟာ အောင်မြင်ရေးအတွက် ၊ စိတ်ဓာတ်ခွန်အား ဖြစ်ရေးအတွက် ဆရာကြီးလုပ်တဲ့ စာတွေ မဟုတ်ဘဲ ဇဏ်ခီ ဆိုတဲ့ လူတစ်ယောက်ရဲ့ အတွေးအမြင် ၊ ခံယူချက် ၊ ဖြတ်သန်းမှု စတာတွေကို မိတ်ဆွေချင်း ပြောပြနေသလို ရေးထားတာတွေလို့ ဆိုချင်ပါတယ် ။
ရုပ်ရှင်အနုပညာ နဲ့ ပက်သက်တဲ့ ဆောင်းပါးတွေ ပါသလို ၊ ကျောင်းပညာရေး မှာ Sex Education ဘယ်လောက် အရေးပါသလဲ ဆိုတာတွေရယ် မိဘနဲ့ သားသမီးကြား ထားသင့်တဲ့ စိတ်ထားလေးတွေကို အပြုသဘောေဆာင်တဲ့ အကြံပေးချက်လေးတွေပါ သိရမှာပါ ။
စာတစ်ပုဒ်ချင်းစီတိုင်း အတွက် ဆရာနေမျိုးဆေး ရေးဆွဲတဲ့ သရုပ်ဖော်ပုံတွေ ပါပြီး စာဖတ်ရင်း ပုံလေးတွေကိုပါ ခံစားလို့ ရနိုင်ပါတယ် ။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။