လှိုင်းပေါ်ကလူ

ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    ၀တ္ထုတိုနှင့် ရသဆောင်းပါးစာအုပ်များ
  • ဈေးနှုန်း
    3,500 MMK
  • ရရှိနိုင်မှု
    5 In Stock
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Myanmar
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

…. ကုန်းမြေပေါ်မှာသာ ရှင်သန်နေထိုင် လုပ်ကိုင်စားသောက်နေရသည့် လူအများစုအတွက် ဆရာငဒိန်း၏ သ‌‌ေင်္ဘာသားများဘ၀ကို အခြေခံထားသော ၀တ္ထုများသည် ရသအရသာ ပြည့်၀သည့် ဟင်းပွဲကို သုတဟင်းခတ်မှုန့်လေး ထပ်ဖြူးလိုက်သလို စားရသည်မှာ လေးလေးပင်ပင် အရသာ ပြည့်၀လှသည်။ ဖတ်ရသည်မှာ နင့်နင့်နဲနဲ ထိထိရှရှဖြစ်ရသည်။ ” လှိုင်းပေါ်ကလူ ရသ၀တ္ထုတိုစုများ ” စာအုပ်သည် ဆရာငဒိန်းအတွက် အမှတ်တရ ဖြစ်ရမည့် စာအုပ်ဖြစ်သလို အားပေးဖတ်ရှု့ရမည့် စာဖတ် ပရိသတ်အတွက်လည်း အားပေးရကျိုးနပ်စေမည့် စာအုပ်တစ်အုပ်ဟု ညွှန်းဆိုရင်း ….. ( ဆရာမြစ်ကျိုးအင်း မုဒိတာစကားမှ )

” လှိုင်းပေါ်ကလူ ရသ၀တ္ထုတိုစုများ ” ဆိုသည့်အတိုင်း ငဒိန်း၀တ္ထုတိုတွေက တကယ့်လှိုင်းပေါ်က ၀တ္ထုတိုစစ်စစ်တွေ ဖြစ်နေသည်။ တချို့ ၀တ္ထုတိုတွေက ပင်လယ်လှိုင်းပေါ်က ၀တ္ထုတိုတွေဖြစ်ပြီး တချို့ ၀တ္ထုတိုတွေက လောကဓံလှိုင်းပေါ်က ၀တ္ထုတိုတွေဖြစ်ကြသည်။ ” လှိုင်းပေါ်ကလူ ရသ၀တ္ထုတိုစုများ ” ဆိုသည့်အတိုင်း ငဒိန်း၀တ္ထုတိုတွေက မူးယစ်စေသည်။ ပြီးတော့ စီးဆင်းအားကောင်းသော သူ့၀တ္ထုတိုတွေက စွဲလမ်းစရာကောင်းသည်။ (ဆရာမိုးကျော်ဇင် အမှာစာမှ)

ဒီစာအုပ်လေးကို ထူးထူးခြားခြားအနေနဲ့ အမျိုးသားစာပေဆုရ စာရေးဆရာနှစ်ယောက်က မုဒိတာစကားနဲ့ အမှာစာ ချီးမြှင့်ပေးထားပါတယ် .. တစ်ခါမှ အမှာစာ မရေးသားဖူးသေးတဲ့ ဆရာမြစ်ကျိုးအင်းရဲ့ မုဒိတာစကားနဲ့ အမှာစာ အရေးအသားကောင်းတဲ့ ဆရာမိုးကျော်ဇင်တို့ရဲ့ အမှာစာပဲ ဖြစ်ပါတယ် ..

ရွှေအမြုတေ မဂ္ဂဇင်းလို စာပေအစဉ်အလာရှိတဲ့ မဂ္ဂဇင်းမှာ ၀တ္ထုတွေဖော်ပြခံရတဲ့ ကမ်းလက်ရဲ့ ၂၀၁၈-၂၀၁၉ တစ်နှစ်တာ အကောင်းဆုံးဆုရှင် စာရေးဆရာငဒိန်းရဲ့ ၀တ္ထုတိုတွေဟာ စာဖတ်သူတွေသာမက စာရေးသူတွေကပါ သတိထားမိပြီး စောင့်‌ေမျှာ်ဖတ်ရှုနေရတဲ့ ၀တ္ထုတိုတွေပဲ ဖြစ်ပါတယ် ..

ဒီစာအုပ်ထဲမှာ မဂ္ဂဇင်းပါ ၀တ္ထုတိုများအပြင် မည်သည့်မဂ္ဂဇင်း ၊ ဂျာနယ်များတွင်မှ မဖော်ပြရသေးသော လက်ကမချချင်တမ်း ဖတ်ရှုချင်လောက်အောင် စွဲဆောင်အားကောင်းသည့် ရသ၀တ္ထုတို ၁၅ ပုဒ်ကို ဆရာမ မမြတ်မွန်ရဲ့ သရုပ်ဖော်လက်ရာတွေနဲ့တကွ ဖော်ပြပေးထားတဲ့အတွက် ဝယ်ယူလိုက်ရတာ နောင်တမရရှိစေမယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
+959684068950