အရှေ့တိုင်းစာပေ၊ အနောက်တိုင်းစာပေ၊ ခေတ်ပေါ်စာပေ၊ ဂန္ထဝင်စာပေ အစရှိတဲ့ စာပေပုံစံများစွာ စာအုပ်များစွာကို မြန်မာ့စာပေလောကနဲ့ နီးစပ်စေခဲ့သူကတော့ ဆရာကြီးမြသန်းတင့်ပဲ ဖြစ်ပါတယ်။
ဆရာမြသန်းတင့်သည် ပင်ကိုရေး၊ ဘာသာပြန်၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ စသည့် ရသစာပေများကို ဖန်တီးခဲ့သည်သာမက ဆောင်းပါးများ၊ ခရီးသွားစာပေများ၊ ခေတ်သစ်ရသစာပေတမ်းများ၊ ကမ္ဘာ့သမိုင်းစာအုပ်များ၊ ဘာသာရေး၊ စီးပွားရေး၊ ဥပဒေ၊ ယဉ်ကျေးမှုနယ်ပယ်စုံ၌လည်း စာပေလက်ရာများ ဖန်တီးထားခဲ့ပါသည်။ ဆရာသည် စာပေအမျိုးအစားအစုံဆုံး၊ စာပေလက်ရာအများဆုံး၊ အကြောင်းအရာနယ်ပယ်အနှံ့ဆုံး ရေးသားနိုင်သော မြန်မာ့စာပေဖန်တီးရှင်များအနက် တစ်ဦးအပါအဝင်ဖြစ်သည်ဟု ဆိုသော် လွန်အံ့မထင်ပါ။
ယခု ဆရာ၏လက်ရာစုံ စာပေဥယျာဉ်ကြီးထဲမှာ စာပေစုံစုံလင်လင် ကောင်းနိုးရာရာတို့ကို စုစည်းဖော်ပြထားသော စာအုပ်ဖြစ်၍ ဤစာအုပ်ကို ဖတ်လိုက်ရုံဖြင့် ဆရာမြသန်းတင့်၏ ရသ၊ သုတ၊ ဒဿန၊ စာပေလက်ရာ အစုံကို တစ်ထိုင်တည်း ခံစားရရှိနိုင်အောင် မှတ်တမ်းတင်ထားပါသည်။
ဤစာအုပ်ကို ယခင် Synergy စာပေမှ ”မြသန်းတင့်၏ စာပေါင်းစု” ဟူ၍ ထုတ်ဝေခဲ့ဖူးပါသည်။ ယခုအခါ လရိပ်မွန် စာပေမှ ဆရာ့စာပေလက်ရာများကို ထပ်မံဖြည့်စွက်ပြီး စာဖတ်ပရိတ်သတ်၏ ရှေ့မှောက်သို့ အရောက်ပို့ဆောင်ပေးလိုက်ပါသည်။

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။