ဒီစာအုပ်ဟာ မူရင်းရေးသားသူ အီတလီဂျာနယ်လစ် LUCA CAIOLI ရဲ့ THE INSIDE STORY OF THE BOY WHO BECAME A LEGEND စာအုပ်ကို မှီငြမ်းရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။ မူရင်းစာအုပ်ပါ အချက်အလက်တွေအပြင် ဆရာမိုးညီထက်နိုင်ရဲ့ကိုယ်တိုင်စုဆောင်းထားတဲ့အချက်အလက်တွေလည်း ထည့်သွင်းဖော်ပြထားပါတယ်။
အဓိကအားဖြင့် ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာပြီး ခန္ဓာကိုယ်ကြီးထွားမှုနှုန်း အရမ်းနှေးတဲ့ မက်ဆီလို ကလေးတစ်ယောက်ဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်မထားတဲ့ကြားက အောင်မြင်မှုအလီလီရရှိခဲ့ပုံ၊ နိုင်ငံရဲ့စစ်မီးတောက်တွေကြားထဲကနေ သူတို့မိသားစု ဆင်းရဲငတ်ပြတ် ဘယ်လိုရုန်းကန်ခဲ့ရပုံ၊ မက်ဆီရဲ့ဖခင်ဟာ သားတစ်ယောက်အတွက် ဘယ်လောက်ထိစွန့်စားခဲ့ရပုံ၊ အောင်မြင်မှုတွေရရှိပေမယ့်လည်း သရဖူနောက်ကွယ်က အရှုပ်အရှင်းတွေကို ဘယ်လိုဖြေရှင်းခဲ့ရပုံ၊ Ballon d’Or ဆုအတွက် မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပုံ၊ နိုင်ငံ့လက်ရွေးစင်အတွက် စပိန်နဲ့အာဂျင်တီးနားတို့အကြား မက်ဆီကို ဘယ်လိုလုယူကြပုံ … စသဖြင့် အခန်းပေါင်း ၂၀ ပါဝင်ရေးသားထားပါတယ်။ လွန်ခဲ့တဲ့(၅)နှစ်ကျော် ပထမအကြိမ်ထုတ်ဝေခဲ့စဉ်က မပါဝင်ခဲ့တဲ့ နောက်ပိုင်းအကြောင်းအရာတွေကိုလည်း စုံစုံလင်လင်ဖြစ်အောင် ပြန်လည်ဖြည့်စွက်ထည့်သွင်းထားပါတယ်။
“ကျွန်တော် အားကစားသမားဘဝဇာတ်ကြောင်းတွေကို ဘာသာပြန်ရ၊ ပြုစုရခြင်းမှာ ဒီကစားသမားတွေဟာ လွယ်လွယ်ကူကူနဲ့ ဒီခရီးအထိအရောက်လာခဲ့ကြတာ မဟုတ်ဘူး၊ အခွင့်အရေးကို ရအောင်ရှာယူ၊ ကိုယ့်လမ်းကိုယ်ထွင်လျှောက်ခဲ့ကြသူတွေဆိုတဲ့အကြောင်းကို စာဖတ်သူတွေ၊ ဘောလုံးသမားဖြစ်ချင်သူတွေ သိစေချင်တာပါပဲ” လို့ ဆရာမိုးညီထက်နိုင်က ဆိုထားပါတယ်။
မက်ဆီ ငယ်ဘဝမှ ယနေ့အချိန်အထိ ရောင်စုံစာမျက်နှာများနှင့် ဘာသာပြန်သူရဲ့လက်မှတ်လည်း ပါဝင်မှာဖြစ်ပါတယ်။
PROMOTION ကုန်ဆုံးရက်
30.11.2020
စာမျက်နှာ
243
စာအုပ်အရွယ်အစား
5.6 x 0.6 x 8.1 inches
ပုံနှိပ်မှတ်တမ်း
Pica၊ 2020 ဖေဖော်ဝါရီလ(ဒု-ကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။