ဤကျမ်းသည် ဒုတိယမြောက်ဦးခေတ် နိုင်ငံရေးနှင့်စီးပွားရေးအခြေအနေကိုတင်ပြထားသော ကျမ်းဖြစ်သည်။ မင်းပါကြီးစိုးစံသည့် အချိန်မှစ၍ ဒုတိယမြောက်ဦးခေတ်စတင်ပါသည်။ ဤခေတ်နိုင်ငံရေး၏ ထူးခြားချက်မှာ ဘဂီလားတွင် ပြည်တွင်းစစ်ဖြစ်ပွားခြင်းနှင့် ပေါ်တူဂီရခိုင်ဆက်ဆံရေးစတင်ခြင်းပင်ဖြစ်သည်။ မင်းပါကြီးသည် ဘင်္ဂလားပြည်တွင်းစစ်ကို အခွင့်ကောင်းယူ၍ ရခိုင်ဒေသကို ဘင်္ဂလားဩဇာအောက်မှ လွတ်မြောက်အောင် ကြိုးပမ်းခဲ့သည်။ ဘင်္ဂလား ဆူလန်ထံစွန့်လွှတ်ခဲံရသော ရခိုင်နယ်မြေများကို ပြန်လည်ရရှိခဲ့သည်။ မင်းပါကြီးသည် ပေါ်တူဂီတို့၏အကူအညီကို ယူ၍ မြို့တော်ကို ခိုင်မာတောင့်တင်းအောင် ပြုလုပ်ခဲ့ပြီး လက်နက်နိုင်ငံကိုလည်း ချဲ့ထွင်နိုင်ခဲ့သည်။
ဒုတိယမြောက်ဦးခေတ် စီးပွားရေးမှာလည်း တိုးတက်ဖွံ့ဖြိုးခဲ့သည်။ စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးဖြစ်သည်။ စိုက်ပျိုးရေးအပြင် မိမိတို့ တတ်မြောက်သည့် ရက်ကန်းပညာ၊ ဗိသုကာပညာ၊ ကြေးသွန်းပညာ၊ကျောက်ဆစ်ပညာတို့ဖြင့်လည်း အသက်မွေးကြသည်။ ဒုတိယမြောက်ဦးခေတ်တွင် ဒတ်ချ်တို့နှင့် အဓိကထား ကုန်သွယ်သည့်လုပ်ငန်းမှာလည်း အကျိုးဖြစ်ထွန်းပြီး နိုင်ငံစီးပွားရေးအတွက် အထောက်အကူပြုခဲ့သည်။
ဤကျမ်းကို အခန်းသုံးခန်းခွဲပြီး တင်ပြထားပါသည်။
အခန်း (၁) တွင် ဒုတိယမြောက်ဦးခေတ် မတိုင်မီ အခြေအနေ
အခန်း (၂) တွင် ဒုတိယမြောက်ဦးခေတ် နိုင်ငံရေးအခြေအနေ
အခန်း (၃) တွင် ဒုတိယမြောက်ဦးခေတ် စီးပွားရေးအခြေအနေ
စာမျက်နှာ
176
စာအုပ်အရွယ်အစား
5.4 x 0.6 x 8.2 inches
ပုံနှိပ်မှတ်တမ်း
ရခိုင်သားကြီးစာပေ၊ 2020 စက်တင်ဘာလ၊ (ပ-ကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။