နိုင်ငံသားတစ်ဦးတိုင်း တစ်ယောက်တိုင်းရဲ့ ဘဝပညာကိုပေးစွမ်းတာဟာ ပြည်သူ့နီတိဖြစ်ပါတယ်။ နိုင်ငံတစ်ခု တိုးတက်ဖို့အတွက် ပြည်သူ့နီတိက ဘယ်လောက်အရေးပါလဲဆိုတာ ဒီစာအုပ်ကို ဖတ်လိုက်ရင် သဘောပေါက်လာမှာပါ။ နိုင်ငံကြီးသား ပီသပြီး ငြိမ်းချမ်းတဲ့ တိုင်းပြည်ကြီး တည်ဆောက်နိုင်ဖို့ လိုအပ်နေတဲ့ ကွက်လပ်ဟာ ပြည်သူ့နီတိပါပဲ။ ပြည်သူ့နီတိကို ဘာကြောင့် လိုက်နာကျင့်သုံးသင့်တာလဲ ဆိုရင် အသက်ရှင်သန်ကြီးထွားဖို့ရန် သူတစ်ပါးကို အမှီပြုနေထိုင်ကြရပါတယ်။ လူဟာ အပေါင်းအသင်း အစုအရုံးနဲ့ နေထိုင်တတ် သည်ဖြစ်ရာ အများနဲ့လိုက်ရောညီထွေဖြစ်ဖို့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်တတ်အောင် ပြည်သူ့နီတိကို လေးစားလိုက်နာရခြင်းဖြစ်ပါတယ်။ ပြည်သူ့နီတိသည် အများနဲ့လိုက်ရောညီထွေ ပြေပြေပြစ်ပြစ် နေထိုင် ပေါင်းသင်း ဆက်ဆံတတ်ရန် ညွှန်ပြပေးတဲ့ အချက် အလက် အကြောင်းအရာများပင် ဖြစ်ပါတယ်။
(ကလေးဖတ်ဖတ် လူကြီးဖတ်ဖတ် အားလုံးအတွက် သင့်လျော်အောင် စီစဥ်ပေးထားလို့လူကြိုက်များ အမှာလိုက်နေတဲ့စာအုပ်ပါ။ စာမျက်နှာတိုင်းမှာ ပုံလေးတွေထည့်ပေးထားလို့ စာဖတ်ရပျင်းတဲ့သူအတွက် တောင် အဆင်ပြေပါတယ်)
စာမျက်နှာ
258
စာအုပ်အရွယ်အစား
5.2 x 0.4 x 8.2 inches
ပုံနှိပ်မှတ်တမ်း
ရွှေပေစာပေ၊ 2020 ဇူလိုင်လ၊ (တ-ကြိမ်)

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။