တံခါးပေါက်အရေအတွက်
-ကားကိုယ်ထည်ဆိုဒ်
SAICMaxus G20 က အရှည် 5198mm, အကျယ် 1980mm, အမြင့် 1928mm, နဲ့ ဘီးတစ်ဘီးနဲ့တစ်ဘီးကြားအကွာအဝေး 3198mm ရှိတဲ့အတွက် Alphard 2019 ရဲ့ 4959mmx1850mmx1890mm နဲ့ wheelbase 3000 mm ထက် ပိုမိုဆိုဒ်ကြီးတယ်။
Alphard 2003 တွေရဲ့ ဆိုဒ် 4800mmx1805mmx1835mm ထက်လည်း ကြီးတာတွေ့ရပါတယ်။
- အင်ဂျင်ပါဝါ
Maxus G20 က 2.0Turbo Petrol DI အင်ဂျင်ကို သုံးထားပြီး 218ံhp/160kw/5300rpm ရှိပါတယ်။
အဲဒီ့ performance က Alphard 2004 ရဲ့1MZ-FE အင်ဂျင်(3.0) က ထုတ်နိုင်တဲ့ 162kW နဲ့ မတိမ်းမယိမ်းဖြစ်ပါတယ်။
Alphard 2019 ကတော့ 3.5L Dual VVT-i သုံးထားတဲ့အတွက် 292 hp ထွက်ပါတယ်။
- ဂီယာ
Alphard 2019 ကော SaicMaxusG20 ကော 8 speed Automatic ပါ။
- အောက်ပိုင်းစနစ်
Alphard 2019 က ရှေ့ဆပ်စပန်းရှင်းကို MacPherson Strut with Stabilizer သုံးထားပြီး နောက်ကို Double wishbone သုံးထားပါတယ်။
SaicMaxusG20 ကတော့ ရှေ့ဆပ်စပန်းရှင်းကို MacPherson နဲ့ နောက်ကို Multilink Independent သုံးထားပါတယ်။
Alphard 2019 ကတော့ ပိုငြိမ့်ညောင်းပြီး ပိုတောင့်ပါမယ်။
- တာယာဆိုဒ်
Alphard 2019 က 235x50 R18 ရှိပြီး G20 က 225x55 R18 ဆိုတော့ သိပ်မကွာဘူး။
- Safety System
Alphard 2019 ကတော့ highest rank of ASV+++ in JNCAP's assessment of preventive safety performance ရထားပါတယ်။
SAIC Maxus G20 ကလည်း SAIC ရဲ့ Flagship ကားပီပီ C-NCAP ရဲ့ 5 stars ရပါတယ်။
ကားရဲ့ safety features အသေးစိတ်အချက်အလက်တွေကိုတော့ ပုံတွေထဲမှာ ကြည့်နိုင်ပါတယ်။