Traditional Instruments

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    Traditional Instruments
  • ဈေးနှုန်း
    Multiplicity
  • ရရှိနိုင်မှု
    10 In Stock
  • အမှတ်တံဆိပ်
    H.M
  • မော်ဒယ်
    General Music Course
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Coustom Made
  • အာမခံ (ဝန်ဆောင်မှု)
    1year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

မြန်မာ့ရိုးရာ ဂီတနှင့် တူရိယာများ

မြန်မာ့ ယဉ်ကျေးမှု သမိုင်းကို လေ့လာကြည့်လျှင် မြန်မာဂီတသည် လွန်ခဲ့သော နှစ်ပေါင်း
၁၅ဝဝ လောက်မှစ၍ ဖြစ်ပေါ်ခဲ့သည်ဟု ယူဆနိုင်လေသည်။ ခရစ်နှစ် ၈ဝ၂-ခု လောက်က ရေးခဲ့သော
တရုတ်လူမျိုးတို့၏ မှတ်တမ်းတစ်စောင်အရ မြန်မာတူရိယာနှင့် သီချင်းတို့သည် ထိုခေတ်တွင်
ပြေပြစ်ကောင်းမွန် နေကြပြီဟု သိရလေသည်။ အနောက်တိုင်းသားတို့၏ နားတွင် မြန်မာဂီတသည်
တစ်မျိုးတစ်မည် ဖြစ်နေ၍ ရုတ်တရက် နားမလည်နိုင်ပေ။ မြန်မာဂီတသည် အနောက်တိုင်း
ဂီတကဲ့သို့ အသံတို့ကို စနစ်တကျ ပေါင်းစပ်ထားသည်ထက် အလိုအလျောက်ဖြစ်သော
အသံတို့ကို အဆက်အစပ်မဲ့စွာ ဖက်စပ်ထားသကဲ့သို့လည်း ထင်မှတ်ဖွယ်ရာ ရှိသည်။ သို့သော်
သေချာစွာဂရုပြု၍ နားထောင်လျှင်မူကား မြန်မာဂီတသည် အဆင့်အတန်းမြင့်သော ဂီတဖြစ်ကြောင်း
ရိပ်စားနိုင်ပေသည်။
မြန်မာဂီတတွင် သံစဉ် ခုနစ်မျိုးရှိသည်။ ယင်းတို့သည် တသံနှင့် တသံ မတူကြဘဲ
အနိမ့်အမြင့် ရှိကြရာ ထိုသို့ခြားနားခြင်းကို အကြီးအသေး၊ အကျအတက်၊ အောက်၊ အထက်ဟု
အမျိုးမျိုးခေါ်ဝေါ်သည်။ သံစဉ်များကို အတီးအမှုတ် တူရိယာသံတို့၏ သံစဉ်အတိုင်း
ရေတွက်ခေါ်ဝေါ်ကြရာ တစ်ခုသော အသံကို ‘၁’ ဟု သတ်မုတ်လိုက်လျှင် ထို ‘၁’ သံမှ လက်ဝဲ
အောက်ဘက်သို့ ပြန်လိုက်လျှင် ၁-၂-၃-၄-၅-၆-ရ-၁ ဟူ၍၎င်း၊ ထို ‘၁’ သံမှ လက်ယာအထက်သို့
ဆန်လိုက်လျှင် ၁-ရ-၆-၅-၄-၃-၂-၁ ဟူ၍၎င်း အစီအစဉ်ရှိသည်။ စောင်းကို အခြေပြု၍ ထိုအသံ
ခုနစ်မျိုးတို့ကို ခေါ်ဝေါ်သော ဝေါဟာရတို့မှာ ညှင်းလုံး၊ ခြောက်သွယ်ညွန့်၊ မြင်စိုင်း၊ အောက်ပြန်၊
ပြည်တော်ပြန်၊ ဒူရကဒွေး၊ ပုလဲဟူ၍ ဖြစ်ကြသည်။
သံစဉ်များကို တစ်ပေါက်သံ၊ နှစ်ပေါက်သံ စသည်ဖြင့် ခေါ်ဝေါ်ကြခြင်းမှာ လေမှုတ်သံစုံ
တူရိယာများ ဖြစ်ကြသောနှဲနှင့် ပြွေတို့၌ ပါသည့် အပေါက်များကို အစွဲပြု၍ ခေါ်ကြခြင်းဖြစ်သည်။
ပတ်သံ၊ ကြေးသံ၊ မောင်းသံတို့ကို နှဲကြီး၏ အသံများဖြင့် ညှိထားသည်၊ ထိုကြောင့် ယင်းတို့ကို
တီးခတ်ရာ၌လည်း နှဲ၏ သံစဉ်များကို ခေါ်ဝေါ်သုံးနှုန်း ထားသည့်အတိုင်း လေးပေါက်သံ၊ ငါးပေါက်သံ
စသည့်ဖြင့် ခေါ်ဝေါ် သုံးနှုန်းကြလေသည်။
ဂီတသံစဉ်တို့၏ ပရိယာယ်အားဖြင့် အသံတစ်မျိုးလျှင် ခုနစ်မျိုးပြောင်နိုင်းသည်။ ပုံစံအားဖြင့်
မူတည်သံကို တပေါက်ထားလျှင် ကျန်အသံများသည် ၂-၃-၄-၅-၆-၇ ဟုအစဉ်တိုင်းရှိကြသည်။
သို့သော် နှစ်ပေါက်သံကို မူတည်သံထားလျှင် သုံးပေါက်သံသည် လေးပေါက်၊ လေးပေါက်သံသည်
ငါးပေါက်၊ ငါးပေါက်သံသည် ခြောက်ပေါက်၊ ခြောက်ပေါက်သံသည် ခုနစ်ပေါက်၊ ခုနစ်ပေါက်သံသည်
တစ်ပေါက်သံဟူ၍ အစဉ်အတိုင်းပြောင်းသွားသည်။ အသံခုနစ်မျိုးအနက် မည်သည့်အသံကို
မဆို မူတည်သံ ထားနိုင်ရာ ကျန်အသံခြောက်သံ တို့သည် ဆိုခဲ့သည့်နည်းအတိုင်း
အသံပြောင်းသွားကြသည်။ တနည်းအားဖြင့် ဆိုရလျှင် မူတည်သံကိုလိုက်၍ တစ်ပေါက်သံသည်
‘နှစ်’လည်း ဖြစ်နိုင်သည်။ ‘သုံး’ လည်းဖြစ်နိုင်သည်။ ‘လေး’ လည်းဖြစ်နိုင်သည်။ ‘ငါး’လည်း
ဖြစ်နိုင်သည်။ ထို့ကြောင့် အသံတစ်သံလျှင် ခုနစ်မျိုးပြောင်း သွားနိုင်၍ သံစဉ်ခုနှစ်ပါးသည် အသံ ၄၉
မျိုး ပြားနိုင်သည်ကို အစွဲပြုကာ၊ မဃဒေဝလင်္ကာသစ်၌ ‘ပေါင်းရုံး ညိုးညံ၊ ခုနစ်သံတွင်၊ အသံ ခုနစ်မျိုး
လေးဆဲ့ကိုးတည့်’ ဟု ဖော်ပြထားသည်။
မြန်မာဂီတကို သီဆိုတီးမှုတ်ကြသူများသည် ‘တျာ၊ တေ၊ တျော’ ဟူသော မိတ်ဘက်သံများကို
သိနားလည်ထား ကြရပေသည်။ သံစဉ်ခုနစ်မျိုးအနက် အဆင်ပြေရာ နှစ်သက်ရာ အသံတစ်ခုကို
မူတည်သံ ပြုနိုင်ရာ ထိုမူတည်သံကို တျာသံဟု ခေါ်သည်။
တျာ၊ တေ၊ တျောသံစဉ်တို့ တွဲဘက်ပုံမှာ တစ်ခုသော မူတည်သံကို တျာ ဟုခေါ်လိုက်လျှင် ထိုတျာသံ၏
လက်ဝဲအောက်ဘက် တစ်ပေါက်ကြီးသံသည် တေဖြစ်သည်။ တျာသံမှ အောက်ဘက်လေးလုံးတွဲ
(နှစ်လုံးခြား) စတုတ္ထအသံသည် တျော ဖြစ်လေသည်။ ပုံစံအားဖြင့် တစ်ပေါက်သံသည် တျာ ဖြစ်လျှင်
ထိုအသံမှ အောက်သို့ပြန်သော် နှစ်ပေါက်သံသည် တေဖြစ်၍ ထိုအသံမှ ခြောက်ပေါက်သံသည်
တေဖြစ်၍၊ ငါးပေါက်သံသည် တျာဖြစ်လေသည်။ ယင်းစနစ်အတိုင်း အသံတစ်ခုကို သိလျှင်
ထိုအသံ၏ အထက်အောက်ရှိ နိမ့်သံ၊ မြင့်သံတို့ကို တွက်စစ်သိရှိနိုင်ပေသည်။
ပုံစံအားဖြင့် တစ်ပေါက်သံ တျာ ဖြစ်လျှင် နှစ်ပေါက်သံ တေ ဖြစ်၍ လေးပေါက်သံ တျော
ဖြစ်သည်။ တစ်ပေါက်သံ တေ ဖြစ်မူ ခုနစ်ပေါက်သံ တျာ ဖြစ်၍ သုံးပေါက်သံ တျော ဖြစ်လေသည်။
သံစဉ်များအနက် နှစ်သက်ရာကို တျာသံပြုနိုင်သဖြင့် သံစဉ်ခုနစ်မျိုးလုံးတို့သည် တျာသံများ
ဖြစ်နိုင်ကြသည်။ အကြောင်းအားလျော်စွာ တေ၊တျော တို့လည်း ခုနစ်သံစလုံး ဖြစ်နိုင်သည်။ ထိုသို့
အသံတစ်မျိုးကို တျာ၊ တေ၊ တျော သုံးမျိုးပြား၍ ကျန်သော အသံခြောက် မျိုးနှင့် မိတ်ဘက်သံများ
ဖြစ်ကာ ဆက်စပ်လေသည်။
သံစဉ်တို့တွင်၊ အနိမ့်၊ အမြင့်၊ အထက်သံ၊ အောက်သံ၊ ဘယ်သံ၊ ညာသံ ဟူ၍ ရှိကြောင်း ဖော်ပြခဲ့ပြီး။
အနိမ့်အမြင့် သံတို့သည် တစ်ခုနှင့်တစ်ခု ရှစ်လုံးတွဲများ ဖြစ်ကြသည်။ တေသံသည် တျာ၏ အောက်
တစ်ပေါက်နိမ့်သံဖြစ်သည်။ တျာသည် တစ်ပေါက်သံဖြစ်လျှင် ယင်း၏ အောက်တစ်ပေါက်ဖြစ်သောနှစ်ပေါက်သံသည် တေဖြစ်သည်။ အထက် တေ နှစ်ပေါက်သံသည် အောက်တေ နှစ်ပေါက်သံမှ
ရှစ်လုံးတွဲဖြစ်ရာ တျာ တစ်ပေါက်သံမှ အထက် တေနှစ်ပေါက်သံအထိ (၁-၇-၆-၅-၄-၃-၂)
ခုနစ်သံ၏ရှိသည်။ မူတည်သော တျာသံမှ အထက်တေးသံသို့ ရောက်အောင် သီဆိုတီးမှုတ်ခြင်းကို
အထက်သို့ နှစ်သံတက်သည်ဟု ခေါ်ဆိုလေသည်။
ရှေးဟောင်း မြန်မာတူရိယာများကို တီထွင်စဉ် အခါက မပြုခဲ့သော အချက်တစ်ခုမှာ
ရှစ်လုံးသံစဉ်၌ ကြားသံပါနိုင်အောင် မပြုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မြန်မာဂီတသည် တျာမှ တျောသို့
ကူးနိုင်သော စွမ်းရည်းကားရှိသည်။ ပမာအားဖြင့် အနောက်တိုင်း အခေါ် ဖြစ်သော စီ မေဂျာမှ ဂျီ
မေဂျာသို့ ကူးနိုင်ခြင်း ဖြစ်သည်။ ထိုပြင် တျာမှ ငါးပေါက်သို့လည်း အခါမရွေး ကူးနိုင်လေသည်။
ဥပမာအားဖြင့် စီ မေဂျာမှ အက်ဖ မေဂျာသို့ ကူးနိုင်ခြင်းဖြစ်သည်။
မြန်မာဂီတတွင် ဆဲ့နှစ်သံစဉ်ဟူ၍ မရှိချေ။ ထို့အပြင်အခြေခံအားဖြင့် အနောက်တိုင်း ဂီတနှင့်
မတူသော အချက်တစ်ခု ရှိသေးသည်။ ထိုအချက်သည် ယခုအခါ၌ မြန်မာဂီတွင် ပမာဏအားဖြင့်
တပြေးတည်း တည်နေသော အနံနှင့် အလျားတို့သာ ရှိ၍ အထု မရှိခြင်းဖြစ်သည်။ထောင်လိုက်အ
တွဲမရှိခြင်းပင်တည်း။တစ်နည်းအားဖြင့် ထိုသို့ထောင်လိုက်အသံအတွဲအစပ်ကို ဟာမိုနီဟုခေါ်၏။
အနောက်တိုင်း ဂီတ၌ကား ဟာမိုနီ ခေါ် သံစုံညီညွတ်မှု အင်္ဂါရပ် တိုးတက်ခဲ့ပြီ ဖြစ်သဖြင့် အထု ရှိနေပြီ
ဖြစ်လေသည်။ တစ်ဖန် မြန်မာတူရိယာများသည် ဟာမိုနီ အကျိုးသက်ရောက်မှုကို ချိန်၍ ပြုလုပ်သော
တူရိယာမျိုး မဟုတ်ချေ။ ထိုကြောင့် မြန်မာဂီတသည် အထုနယ်ဘက်သို့ တက်လှမ်းခြင်း မပြုနိုင်ဘဲ၊
တီးကွက်သက်သက် ဖြစ်သော အနံအလျားနယ်အတွင်း၌သာ တိုးတက်ခြင်း ရှိခဲ့လေသည်။
အနောက်တိုင်းသားတို့သည် ဂီတကို နားထောင်သော အခါ သံစုံအထု၏ အရသာကို ခံစား
ကြလေသည်။ မြန်မာတို့သည် ဂီတကို နားထောင်သော အခါ တီးကွက် အနံ အလျား၏ အရသာကို
ခံစားကြလေသည်။ မြန်မာတို့သည် မယ်လိုဒီ ခေါ် တေးသွားကို အရေးပေးလေ့ ရှိသည်။ မြန်မာတို့
တီးသော ပုံသည်ပင်လျှင် တေးသွားကို လိုက်၍ တီးတက်သည်။ မြန်မာဆိုင်းဝိုင်းကို တီးမှုတ်ရာတွင်
မြန်မာပတ်ဝိုင်းသည် အဖေးအမ အခြွေအရံ အဖြစ်ဖြင့်သာမက တေးသွားကို လိုက်၍လည်း တီးကွက်
ဆင်လေသည်။
မြန်မာနာရီတွင် စည်းနှစ်မျိုးရှိသည်။ တစ်ချက်စည်း၊ နှစ်ချက်စည်း ဟုခေါ်သည်။
သီချင်းတစ်ပုဒ်တွင် နာရီစည်းသည် တစ်မျိုးတည်း ဖြစ်ဖို့မလိုချေ။ တစ်ချက်စည်းမှ
နှစ်ချက်စည်းသို့သော်၎င်း။ နှစ်ချက်စည်းမှ တစ်ချက်စည်းသို့သော်၎င်း သီချင်းသွားကို လိုက်၍ပြောင်းစရာရှိလျှင် ပြောင်းနိုင်သည်။ တစ်နည်းဆိုသော် မြန်စရာရှိလျှင် မြန်နိုင်၍ နှေးစရာရှိလျှင်
နှေးနိုင်သည်။ သို့ရာတွင် နာရီစည်းလွတ်၍ကား သီဆိုတီးမှုတ်ခြင်း မပြုရချေ။ မြန်မာဂီတတွင်
တစ်ချက်စည်း၊ နှစ်ချက်စည်း ဖြစ်သော ဒုန်းကိုက် စတုရန်း နာရီကိုသာသုံးသည်။ အနောက်တိုင်း
ဂီတ၌ သုံးသော သုံးချိုး၊လေးချိုး၊ ခြောက်ချိုး ဖြစ်သည့် တြိဂံနာရီကို မသုံးချေ။
မြန်မာ တူရိယာ အမျိုးမျိုးရှိသည့်အနက် စောင်းကောက်သည် မြန်မာတို့ အမြတ်တနိုး သုံးသော
တူရိယာဖြစ်သည်။ မြန်မာဆိုင်းဟူ၍လည်းရှိသည် ဆိုင်းတွင် ပတ်ဝိုင်းပါသည်။ ကြေးဝိုင်းပါသည်။
ပတ်မကြီးပါသည်။ နှဲ၊ ပြွေ၊ လင်းကွင်း၊ ဝါးလက်ခုတို့ပါသည်။ ဆိုင်းကို ဇာတ်ပွဲကရာ၌၎င်း၊ နတ်ပွဲ
ကရာ၌၎င်း၊ ပျော်မှုရွှင်မှုဆိုင်ရာ အခြားပွဲများ၌၎င်း အသုံးပြုသည်။ မြန်မာတို့၏ ဓလေ့ ဘာသာ
ဂီတမျိုးလည်း ရှိသည်။ ထိုဂီတမျိုးတွင် ပုံအမျိုးမျိုးကို သုံးသည်။ ဒိုးပတ်၊ အိုးစည်၊ ပုံကြီး၊ ဗြော
စသည်တို့ဖြစ်သည်။ ဒိုးပတ်၊ အိုးစည်တို့ကို အလှူခံ ထွက်သည့်အခါ၌၎င်း၊ ရှင်လောင်းလှည့်သည့်
အခါ၌၎င်း ပျော်ပျော်ပါးပါး တီးမှုတ်တတ်ကြသည်။ ခပ်သွက်သွက် တီးသည့်အခါ ဘေးလူများ၌ပင်
ကချင်ခုန် ချင်စိတ် ပေါက်စေနိုင်သည်။ ပုံကြီးကို လယ်တော၌ သုံးသည်။ ကောက်စိုက်သမများ
ကောက်စိုက်ကြစဉ် ဗုံကြီးသံဖြင့် ဖျော်ဖြေတတ်သည်။ ပုံကြီးသံသည် မိုးဟိန်းသံနှင့် တူ၍
လယ်တော၌ မင်းမူသော ဂီတသံဖြစ်သည်။ ဗြောကို ရှင်ပြုပွဲ အလှူပွဲတို့၌ တီးသည်။
မြန်မာ့စွယ်စုံကျမ်းမှ ကူးယူဖော်ပြသည်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

-

ပါဝင်သည့်ပစ္စည်းများ :

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
09753288730