Mandolin

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    Mandolin
  • ဈေးနှုန်း
    Multiplicity
  • ရရှိနိုင်မှု
    10 In Stock
  • အမှတ်တံဆိပ်
    H.M
  • မော်ဒယ်
    General Music Course
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Coustom Made
  • အာမခံ (ဝန်ဆောင်မှု)
    1year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

Mandolin ( မယ်ဒလင် )

မင်ဒလင် (Mandolin) သည် ကြိုးတပ်တူရိယာတစ်မျိုး ဖြစ်သည်။ လျုခေါ် အင်္ဂလိပ် ဗျပ်
စောင်းမျိုးတွင် ပါဝင်၍ မြန်မာဗျပ်စောင်း နှင့် ခပ်ဆင်ဆင်တူသည်။ မင်ဒလင်အိုးသည်
ဗူးသီးခြမ်းသဖွယ် ဖြစ်၏။ လည်တံတို၍ ကန့်လန့်ဖြတ်တုံးကလေးများစွာ ရှိသည်။ ထိပ်ကား၍
ပြားပြီးလျှင် ယင်းတွင် ကြိုးများကို သော့ဟုခေါ်သော ရစ်တံဝက်အူများဖြင့်ထိန်းထားသည်။
မင်ဒလင် တွင် သာမန်အားဖြင့်ကြိုး ၄ စုံတပ်သည်။ မင်ဒလင်တီးရာတွင် လက်ဝဲလက်ဖြင့်
လည်တံကိုကိုင်ကာ ဆိုင်ရာကြိုးကိုနှိပ်၍ လက်ယာလက်ဖြင့် လက်ချောင်း၊ သို့မဟုတ်
လက်ခတ်သံပြား ကော်ပြားတစ်ခုခုဖြင့် ကြိုးကိုခတ်ရသည်။ ကြိုးမှာ သံမဏိကြိုးများ ဖြစ်၏။
ကြိုးကိုခပ်မြန်မြန်ခတ်လျှင် အသံတုန်များကို ရရှိသည်။
မင်ဒလင်သည် အီတာလျံ လူမျိုး တို့ စတင်တီးခတ်သော တူရိယာ ဖြစ်၏။ မင်ဒလင်
နှစ်မျိုးနှစ်စားရှိပေရာ နှစ်မျိုးလုံးပင် အီတာလျံတို့မှ စတင်ပေါက်ဖွားလာသည်။ တစ်မျိုးမှာ နီယ
ပေါ်လီတန် ဟုခေါ်၍ လူသိပိုများသည်။ အလျား နှစ်ပေရှိ၍ ညီညာသောကြိုး ၄ စုံ တပ်သည်။
ကျန်တစ်မျိုးမှာ မိလနိဟု ခေါ်၍ အနည်းငယ် ပို၍ကြီးပြီးလျှင် ညီညာသော ကြိုး ၅ စုံ၊ သို့မဟုတ် ၆ စုံ
တပ်သည်။
မင်ဒလင်သည် သံစုံတီးဝိုင်းများတွင် အသုံးပြုသော တူရိယာကြီးမျိုး မဟုတ်ပေ။ သို့ရာတွင် မိုဇတ်
(Mozart) နှင့် ဗေးထိုးဗင် (Beethoven) အစရှိသော ဂီတစာဆိုကြီးများသည် မိမိတို့ စပ်သော
အခြားသီချင်းများနှင့် လိုက်ဖက်၍တီးစေကာ ယင်းအတွက် တီးလုံးများ ရေးပေးလေသည်။
မင်ဒလင်သည် ပေါ့ပေါ့ပါးပါး ယူဆောင် သွားနိုင်သောကြောင့် အပျော်တမ်းတီးခတ်သူများတွင်
ခေတ်စားသည်။
မြန်မာတို့၏မယ်ဒလင်သည် ကြိုးလေးကြိုးသာတပ်သောတူရိယာဖြစ်ပြီး အနောက်တိုင်း
မယ်ဒလင်ကြိုးညှိပုံနှင့် မတူခြေ။

အနောက်တိုင်းမယ်ဒိုလင်ကြိုးညှိပုံစနစ်

မြန်မာတို့၏မယ်ဒလင်သည် အနောက်တိုင်းကြိုးညှိနည်းကို ပြင်ဆင်သုံးစွဲထားပြီး တစ်ကြိုး
နှင့် သုံးကြိုးကို ညီအောင်ညှိထားသည်။ထို့နောက် နှစ်ကြိုးနှင့်လေးကြိုးကို တူအောင်ညှိထားသည်။
အနောက်တိုင်း မယ်ဒိုလင်တွင်လက်ခတ်ပြားနှင့် အဓိကတီးသော်လည်း မြန်မာတွင် လက်မနှင့်လက်
ညှိုးနှစ်ချောင်း အားပြု၍တီးခတ်သည်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

-

ပါဝင်သည့်ပစ္စည်းများ :

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
09753288730