Simple Flute (ရိုးရိုးပလွေ )
အထက်ပါပလွေအမျိုးအစားများတွင် အပေါ်ဆုံးနှင့် အောက်ဆုံးပလွေတို့မှာ ဈေးနှုန်းချို
သာပြီး အလွယ်တကူတီးမှုတ်နိုင်သောပလွေအမျိုးအစားများဖြစ်သည်။ဘင်ခရာတီးဝိုင်းများတွင်ငွေ
ကြေးသုံးစွဲမှု ချိုးခြံသည့်အနေဖြင့် ကလေးများကို ထိုအမျိုးအစားပလွေများဖြင့် လေ့ကျင့်သင်ကြား
စေနိုင်သည်။
လေမှုတ်တူရိယာများ၏ သဘောတရားအရ ပိုက်အတွင်းလျှာခင်မှတစ်ဆင့်လေကို မှုတ်
သွင်းပြီး လက်ကွက်အပေါက်များကို အပိတ်အဖွင့်ပြုစေခြင်းဖြင့် သံစဉ်ကိုဖြစ်ပေါ်စေသော တူရိယာ
အမျိုးအစားဖြစ်သည်။
ဘေးတိုက် Recorder flute
အသက်ရှုလေ့ကျင့်ခန်းများ
BREATHING EXERCISES
1) Breathe IN for 4 counts OUT for 4 counts
2) Breathe IN for 3 counts OUT for 5 counts
3) Breathe IN for 2 counts OUT for 6 counts
4) Breathe IN for 1 count OUT for 7 counts
အသက်ကိုရှုသွင်းပါ။ထို့နောက် ရေတွက်မှုလေးချက်ရေတွက်ထားပါ။ထို့နောက်အသက်
ကို မှုတ်ထုတ်ပါ။ရေတွက်ချက်လေးချက်ရေတွက်ပါ။ထိုသို့လေ့ကျင့်ရင်းဖြင့် အသက်တစ်ခါသာရှုပြီး
လေကိုမှုတ်ထုတ်ခြင်းတွင် ၇ချက်အထိရေတွက်ကြည့်ပါ။
ပလွေအပေါက်များကိုကိုင်တွယ်ပုံနည်းစနစ်
ပုံမှန်အားဖြင့် ပလွေတွင် အောက်ဖက်၌လက်မဖြင့် ပိတ်ရမည့်အပေါက်ရှိပြီး ပုံတွင်မြင်ရ
သည့်အတိုင်း ဘယ်လက်မဖြင့်ထိုအပေါက်ကိုပိတ်ပြီး အပေါ်ဖက်မှ အပေါက်များကို လက်ညှိုး၊လက်
ခလယ်၊လက်သူကြွယ်၊တို့ဖြင့်ကိုင်ပါ။ညာလက်ကို ဖော်ပြထားသည့်လက်များဖြင့် ကိုင်ပါ။
-

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။
ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။