Triangle

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    Triangle
  • ဈေးနှုန်း
    Multiplicity
  • ရရှိနိုင်မှု
    10 In Stock
  • အမှတ်တံဆိပ်
    H.M
  • မော်ဒယ်
    Triangle
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Coustom Made
  • အာမခံ (ဝန်ဆောင်မှု)
    1year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

Triangle တူရိယာ

တြိဂံပုံသံခွေလေးဖြစ်သဖြင့် ဤတူရိယာကို triangle ဟုခေါ်ခြင်းဖြစ်ပြီး ရိုက်ပုတ်တီးခတ်
ရသော တူရိယာအုပ်စု percussion အုပ်စုတွင်ထည့်သွင်းသည်။၎င်းတွင် အပေါ်ဖက်၌ နေရာတစ်ခု
တွင်ချိတ်ဆွဲထားနိုင်သော ကြိုးပါရှိပြီး တြိဂံခွေမှာ တစ်ဖက်ပွင့်ဖြစ်ခါ သံခွေကို ရိုက်ခတ်တီးနိုင်သော
သံချောင်းငယ်တစ်ခုပူးတွဲပါရှိသည်။သံစုံတီးဝိုင်းများတွင် တစ်နေရာတွင်ချိတ်ဆွဲပြီး လက်နှစ်ဖက်ဖြင့်
သံချောင်းငယ်တစ်စုံစီကိုင်ကာ တီးခတ်နိုင်သော်လည်း မတ်တပ်ရပ်၌ လက်တစ်ဖက်ဖြင့် တြိဂံကို
ကိုင်၍လည်း တီးနိုင်သည်။ထိုသို့ကိုင်ရန်အတွက် အချို့က ကလစ်ကိုအသုံးပြုကြသည်။
Triangle ၏ အသံသည်အလွန်သာယာသဖြင့် သံချောင်းငယ်များဖြင့်ရိုက်ခတ်တီးခတ်
သည့်အခါ အသံအတိုးအကျယ်ပြုလုပ်တီးခတ်ကြသည်။သံချောင်းငယ်ဖြင့် ခပ်ဖွဖွတီးနိုင်သလိုအ
လယ်အလတ်မှုကျယ်လောင်စေရန် အားအသင့်အတင့်ဖြင့် တီးနိုင်သလို အားပြင်းပြင်းဖြင့် ကျယ်
လောင်စွာလည်း တီးနိုင်သည်။
တြိဂံတွင် တစ်ဖက်ပွင့်နေရာသည် မိမိတီးခတ်မည့် သံချောင်းငယ် အဝင်အထွက်လွယ်ကူ
စွာပြုလုပ်နိုင်ရန် အတွက်ဖွင့်ပေးထားခြင်းဖြစ်ပြီး မတူညီသော အသံများဖြစ်ပေါ်စေရန် အောက်ဖက်
တြိဂံထောင့်စွန်းနေရာကိုလည်း တီးနိုင်သည်။အသံရှိန်ပြတ်တောက်လိုလျှင် Triangle ကိုကိုင်တွယ်
ထားသော ဘယ်လက်ဖြင့် အပေါ်ဖက်အခြမ်းနေရာကို အုပ်ပေးလိုက်လျှင် အသံရှိန်ပြတ်တောက်
သွားသည်။

Roll ဆွဲခြင်း
Triangle ကိုအမြန်တီးခတ်မှု Roll များပြုလုပ်ရန်အတွက် ပုံတွင်ပြထားသည့်အတိုင်းတြိဂံ
၏ အတွင်းဖက်နေရာနှစ်ဖက်ကို သံချောင်းငယ်ဖြင့် ဟိုဖက်သည်ဖက် အမြန်တီးပေးခြင်းဖြင့် Rollကို
ဖြစ်ပေါ်စေသည်။
လေ့ကျင့်ခန်းများ
Ex.1
0 0 0 X
1 2 3 4
4/4 Time အတွက် ရေတွက်ချက်လေးချက်တွင် 1 2 3 ရိုက်ချက်များ၌ Triangle ကိုလွတ်
လပ်စွာနှစ်သက်ရာနေရာတွင်တီးခတ်ပြီး နောက်ဆုံး ရိုက်ချက်4 တွင် လက်ဖြင့် Triangle ကိုအုပ
လိုက်ခြင်းဖြင့် အ သံကိုဖြစ်ပေါ်စေသည်။0 သည် open tone ဖြစ်ပြီး X သည် mute ဖြစ်သည်။
Ex.2
0 x 0 x
1 2 3 4
Ex.3
00 x 00 x
1 2 3 4 ပထမbeat နှင့် တတိယbeat တွင် 2ချက်စီတီးရန်
Ex.4
0 x x x
1 2 3 4
Ex.5
x x x 0
1 2 3 4

ကုန်ပစ္စည်းအင်္ဂါရပ်များ :

-

ပါဝင်သည့်ပစ္စည်းများ :

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
09753288730
;