Tambourine

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    Tambourine Instruments
  • ဈေးနှုန်း
    Multiplicity
  • ရရှိနိုင်မှု
    10 In Stock
  • အမှတ်တံဆိပ်
    H.M
  • မော်ဒယ်
    Tambourine Instruments
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Coustom Made
  • အာမခံ (ဝန်ဆောင်မှု)
    1year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

Tambourine Instruments
တမ်ဗိုရင်း တူရိယာ

အများဆုံးတီးခတ်သော တမ်ဗိုရင်းသည် အထက်ပါပုံစံအတိုင်းဖြစ်ပြီး သတ္တုသို့မဟုတ်သွပ်
ဖြင့်ပြုလုပ်ထားသည်။အချို့မှာ လက်ကိုင်နေရာကို ပလပ်စတစ်ဖြင့်ပြုလုပ်ကြသည်။အရောင်အသွေး
လည်း စုံလင်အောင်ထုတ်လုပ်ကြပြီး တေးသီချင်းအတွက် စည်းချက်ကို ဖြစ်စေကာ မြူးကြွမှုဖြစ်စေ
သည်။
တေးသီချင်းအစအဆုံး ထည့်သွင်းတီးခတ်ကြသည်လည်း ရှိသကဲ့သို့အချို့ကလည်းသီချင်း
၏ သံပြိုင်အပိုဒ် ( Chorus ) အပိုဒ်များတွင်ထည့်သွင်းကြသည်။စင်မြင့်ဖျော်ဖြေပွဲများတွင် အဆို
တော်ကိုယ်တိုင် တမ်ဗိုရင်းကို ရိုက်ခတ်ပြီး အမြူးအကြွဖြင့် သီဆိုသည်လည်း ရှိသည်။မည်သို့ပင်
ဖြစ်စေ တီးခတ်ရလွယ်ကူသလို တေးသီချင်း၏ အမြူးအကြွများအဖြစ်ဖန်တီးနိုင်သဖြင့်လူကြိုက်များ
လှသည်။
သားရေသားအပိတ်ဖြင့် ပြုလုပ်ထားသော Tamborine

အထက်ပါ တမ်ဗိုရင်းသည် ၁၀လက်မအချင်းရှိပြီး သားရေသားဖြင့် အဝနေရာကိုပိတ်ထား
သဖြင့် ရိုးရိုး တမ်ဗိုရင်းထက်ဈေးပိုကြီးသည်။ကွန်ဂါတို့ကဲ့သို့ထိုမျက်နှာပြင်ကို လက်ဝါးဖြင့် ရိုက်ပုတ်
တီးခတ်နိုင်ပြီး ခြူသံများကိုလည်း လှုပ်ခတ်တီးခတ်နိုင်သည်။

လက်ချောင်းများဖြင့် သားရေသားမျက်နှာပြင်ကို ပုတ်ခြင်း
အထက်ပါပုံ၁မှာပြထားသည့်အတိုင်း တင်ဗိုရင်းကို ဘယ်လက်နှင့်ကိုင်တွယ်ရမှာဖြစ်ပြီး ထို
ကိုင်တွယ်ပုံအနေအထား အသေးစိတ်ကို ပုံ၂မှာ ရှင်းလင်းဖော်ပြပေးထားသည်။

လက်ကိုအတွဲလိုက်ဖိတီးခြင်း လက်သီးဆုပ်ဖြင့်တီးခြင်း လက်အပြားဖြင့်တီးခြင်း
အောက်တွင်ဖော်ပြထားသော တီးခတ်မှုပုံစံများကို လေ့လာပါ။

ဖြည်းဖြည်း အားပျော့ပျော့တီးခတ်မှု အားပြင်းပြင်းဖြင့် ပြောင်းပြန်တီးခတ်မှု
တမ်ဗိုရင်းတွင်ပါသော ခြူကလေးများ၏ သဘောတရားအရ ခြူအချပ်လေးများကို အထက်
အောက်လှုပ်ယမ်းမှုထက် ထောင်လိုက်အနေအထားလှုပ်ယမ်းမှုက အသံပိုထွက်စေသဖြင့်ခြူလှုပ်
ယမ်းမှုအတွက်ဆိုရင် တမ်ဗိုရင်းကို ထောင်လိုက်အနေအထားမျိုးဖြင့် လှုပ်ခတ်ပေးရမည်။
ခြူများကို အဆက်မပြတ်လှုပ်ယမ်းပေးနေခြင်းထက် တေးသီချင်းအတွင်း စည်းချက်ဝါးချက်
ကို ဖော်ပြစေသော တီးခတ်မှုမျိုးကို ဖန်တီးပေးနိုင်ရမည်။
အောက်ပါ ပုံများတွင် သားရေပြားပေါ်၌တီးခတ်မှုများကို လေ့လာကြည့်နိုင်သည်။

ကျယ်ကျယ်မြန်မြန်တီးခတ်မှုပုံစံ အားပျော့ပျော့ လက်နှစ်ဖက်တီးပုံစံ
တီးခတ်လေ့ကျင့်ရန် ပုံစံများ

ခြူအတွက် သီးသန့်လေ့ကျင့်ခန်း 1
x x x x
1 2 3 4
Ex.2
xx xx xx xx
1 2 3 4
ရိုက်ချက်တစ်ချက်တွင် ခြူသံ၂ချက်ဖြစ်ပေါ်စေခြင်းဖြစ်သည်။
Ex.3
xxxx xxxx xxxx xxxx
1 2 3 4
ရိုက်ချက်တစ်ချက်တွင် ခြူသံ၄ချက်ဖြစ်ပေါ်စေခြင်းဖြစ်သည်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

-

ပါဝင်သည့်ပစ္စည်းများ :

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
09753288730