Harmonica

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    Harmonica
  • ဈေးနှုန်း
    Multiplicity
  • ရရှိနိုင်မှု
    10 In Stock
  • အမှတ်တံဆိပ်
    H.M
  • မော်ဒယ်
    Harmonica
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Coustom Made
  • အာမခံ (ဝန်ဆောင်မှု)
    1year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

Harmonica ( ဘာဂျာ တူရိယာ )

ဘာဂျာတူရိယာသည် ဈေးနှုန်းချိုသာပြီး အသံသာယာသောတူရိယာဖြစ်သလို တစ်နေရာ
မှ တစ်နေရာ လွယ်ကူပေါ့ပါးစွာ သယ်ဆောင်သွားနိုင်သော လေမှုတ်တူရိယာဖြစ်သည်။အိတ်ကပ်
အတွင်းဖြစ်စေ ဘောင်းဘီအိတ်ထဲတွင်ဖြစ်စေ သက်တောင့်သက်သာ သယ်ဆောင်သွားနိုင်သည်။
ဘာဂျာကို အထက်တွင်မြင်ရသည့်အတိုင်း ဘယ်လက်ချောင်းများ၏ ခွင်အတွင်းညှပ်၍ကိုင်
ရမည်။အကယ်၍ ဘာဂျာက ပိုရှည်သောဘာဂျာဖြစ်ပါက အပြင်ဖက်သို့အလျားအနည်းငယ်ထွက်နေပေလိမ့်မည်။ပြီးမှ ညာလက်ချောင်းများဖြင့် တစ်ဖက်ခြမ်းကို လိုသလိုအုပ်ကိုင်တွယ်ရမည်။

ဘာဂျာတစ်လက်၏ အတွင်းအစိတ်အပိုင်းများ

ဘာဂျာတူရိယာသည် လေဝင်ပေါက်များကို ပါးစပ်ထဲမှလေဖြင့် မှုတ်ခြင်း ( Blow ) နှင့်လေ
ကို စုတ်ခြင်း ( Draw ) ပြုလုပ်ခြင်းဖြင့် သံစဉ်များကို ဖြစ်ပေါ်စေပြီး အတွင်းတွင် အသံကိုဖြစ်ပေါ်စေ
သော လျှာခင်လေးများပါဝင်သည်။ထိုလျှာခင်လေးများမှ အသံကို စနစ်တကျ ညှိထားပြီးဖြစ်သဖြင့်
မိမိဖာသာ ဘာဂျာတစ်လက်ကို မူလီများဖြုတ်၍ လျှာခင်များကို ပြုပြင်ခြင်း မည်သည့်အခါမှမလုပ်မိ
စေရန် လိုအပ်ပါသည်။ထိုသို့ပြုလုပ်လိုက်သည့်အခါ အသံကြောင်သွားတတ်သည်။
ဘာဂျာတစ်လက်တွင်ဖုံများကပ်ညှိလာသည့်အခါတွင်၎င်း၊ရေဆေးရန်လိုအပ်သည့်အခါ
တွင်၎င်း ဘာဂျာကို ဇောက်ထိုးအနေအထား၊( အတွင်းပေါက်များသို့ရေမဝင်စေရန် ဂရုပြု၍ဆေး
ကျောသန့်စင်ပေးနိုင်သည်။ဖြစ်နိုင်လျှင် အပြင်ဖက်အပိုင်းများကိုသာ ဂရုတစိုက်ဆေးကျောပါ။

ပုံမှန်ဘာဂျာတစ်လက်တွင်ရှိသော အသံများ

အကြမ်းအားဖြင့် ဘာဂျာတစ်လက်တွင် အနည်းဆုံး အပေါက်များ ၈ခုခန့်ပါဝင်နိုင်ပြီးအများ
ဆုံး ၁၂ခုခန့်ပါဝင်သည်။အထက်အောက်ကန့်ထားသော အကန့်များလည်းရှိပြီး ၎င်းတို့ကိုပုံတွင်
မြင်ရသည့်အတိုင်း လေကိုစုတ်ခြင်း Draw နှင့်လေကို မှုတ်သွင်းခြင်း Blow တို့ပြုလုပ်ပြီး သံစဉ်များ
ကို ဖန်တီးကြသည်။

မှုတ်နေစဉ်အတွင်းဘာဂျာအတွင်းရေငွေ့ပျံမှုများကို ခါထုတ်ခြင်း

ဘယ်ပုံတွင်ပြထားသကဲ့သို့လက်ခုပ်ပေါ်သို့ဘာဂျာကို ချိန်ရွယ်ပြီး ညာပုံကဲ့သို့လက်ခုပ်ပေါ်
ခပ်ဆတ်ဆတ်ရိုက်ချခြင်းဖြစ်သည်။မှုတ်သည့်အပေါက်ဖက်ကို အောက်မှာထားပေးမှသာရေငွေ့များ
လက်ဖဝါးပေါ်ကျစေမည်ဖြစ်သည်။

လေမှုတ်လေစုတ်မှုကိုလေ့ကျင့်ခြင်း

မြှားအပေါ်သို့ထောင်ထားခြင်းသည် ဘာဂျာအတွင်းလေမှုတ်သွင်းခြင်းဖြစ်ပြီး မြှားအောက်
စိုက်ထားခြင်းသည် လေကို စုတ်ယူခြင်းဖြစ်သည်။အသက်ကို မှန်မှန်ရှုထားပြီး ပါးစပ်မှလေကို မှန်မှန်
ရှုထုတ် ရှုသွင်းမှုပြုလုပ်ခြင်းသာဖြစ်သည်။

လေသွင်းလေစုတ်ပြုလုပ်နေစဉ်စည်းချက်များနားလည်စေခြင်း

ပုံတွင်မြင်ရသည့်အတိုင်း မြှားခေါင်းများကို လေ့လာပြီး ခြေထောက်မှဖြစ်စေ ဆရာမှဖြစ်စေ
တိုင်မင် ကို 1 2 1 2 ဟုရေတွက်ထားပြီး ထိုရေတွက်မှုများအတွင်း လေသွင်းလေးမှုတ်ပြုလုပ်ရန်ဖြစ်
သည်။နုတ်စ်အလုံး အဖြူသည် ရေတွက်ချက် ၂ချက်ကိုကိုယ်စားပြုပြီး 1 နေရာတွင်သာလေကိုမှုတ်
ခြင်းသို့မဟုတ် စုတ်ခြင်းပြုလုပ်ရမည်ဖြစ်ပြီး ထိုအသံကို ရေတွက်ချက် 2 အထိရှိစေရန်ဆွဲထားရမည်။

လေးချက်ရေတွက်မှုအတွင်း လေသွင်းလေစုတ်ပြုလုပ်ခြင်း

ပုံတွင်မြင်ရသည့်အတိုင်း 1 2 3 4 ကိုခြေထောက်မှဖြစ်စေ ဆရာမှဖြစ်စေ ရေတွက်ပေးပြီး
ထိုစည်းချက်များအတိုင်းလေသွင်းလေစုတ်ပြုလုပ်ရန်ဖြစ်သည်။အဖြူလုံးသည်ရေတွက်ချက်လေးခုစာပမာဏဖြစ်သည်။ဆိုလိုသည်မှာ အဖြူလုံးနေရာတွင် ရေတွက်ချက် 1 2 3 4 ရေတွက်ရာ၌ 1တွင်
သာ လေသွင်းသို့မဟုတ် လေစုတ်ပြုလုပ်ရမည်ဖြစ်ပြီး ထိုအသံကို 2 3 4 ရေတွက်မှုအဆုံး 4 အထိ
ရှိစေရမည်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

-

ပါဝင်သည့်ပစ္စည်းများ :

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
09753288730