Music Mean

ကုန်ပစ္စည်းအသုံးပြုပုံဗီဒီယို :
ကုန်ပစ္စည်းအခြေခံအချက်အလက် :
(0)
  • အမျိုးအစား
    Music Mean
  • ဈေးနှုန်း
    Multiplicity
  • ရရှိနိုင်မှု
    10 In Stock
  • အမှတ်တံဆိပ်
    H.M
  • မော်ဒယ်
    General Music Course
  • ကုန်ပစ္စည်းမူလနိုင်ငံ
    Heaven Melody
  • အာမခံ (ဝန်ဆောင်မှု)
    1year
  • ကုန်ပစ္စည်းအခြေအနေ
    အသစ်စက်စက်
  • တင်သွင်းသူ
ကုန်ပစ္စည်းအကြောင်းအရာ :

ဂီတဆိုသည်မှာ လူတို ့၏ စိတ်နှလုံးမှ ခံစားချက်များကို သီချင်းအဖြစ်သော်၄င်း တူရိ
ယာတစ်ခုခုဖြင့်သော်၄င်း ခံစားစပ်ဆိုတီးမှုတ်တားသည့် အနုပညာများကို ခေါ်ဆိုခြင်းဖြစ်သည်
ကမ္ဘာဦးအစလူသားများ၏ ကောက်ပဲသီးနှံ စိုက်ပျိုးမှု ရိတ်သိမ်းချိန်တွင် ပျော်ရွှင်မြူးတူးစွာ
ဟစ်ကြွေးသီဆိုမှုများမှ သော်၄င်း၊မိခင်များ၏သားချော့သံများမှသော်၄င်း တေးသီချင်းများအ
ဖြစ် ပေါက်ပွားလာသည်ဟုဆိုနိုင်သည်။
နောက်ပိုင်းတွင် ပျော်ရွှင်မြူးတူးမှု၊ကြည်နူးမှုများအတွက် သီဆိုဟစ်ကြွေးမှုများသာမက
၀မ်းနည်းကြေကွဲသည့်အခါမျိုးများတွင်လည်း စာသားများဖြင့် ရွတ်ဆို မြည်တမ်းရာ မျိုးများတွင်
လည်းစာသားများဖြင့် ရွတ်ဆို မြည်တမ်းရာမှ အလွမ်းသီချင်းများပေါ်လာသည်ဟု ယူဆကြ
သည်။လူမျိုးတိုင်းတွင် ဂီတရှိပြီး ပုံစံများ မတူညီကြခြေ။
ဂီတပုံစံများ မတူညီကြသော်လည်း ဂီတဟူသည် အာရုံခံစားမှုများအနက် ပျော်ရွှင်မြူး
တူးမှုနှင့် စိတ်နှလုံးနူးညံ့မှုဟူသော ရသများပေးစွမ်းနိုင်သည့် ခံစားမှုတစ်ခုအဖြစ် အားလုံးက
လက်ခံထားကြသည်တော့ တူညီ၏။စင်စစ် ဂီတသည် အရာဝတ္တုတစ်ခု တုံခါရာမှ ဖြစ်ပေါ်လာ
သော အသံများမှ မြစ်ဖျားခံသည်။ သို ့သော်တုန်ခါမှုဖြစ်ပေါ်တိုင်း ဂီတသံဖြစ်ပေါ်သည်တော့မ
ဟုတ်ခြေ။သံစဉ်အနိမ့်အမြင့်တို ့ညီညာမှု။စည်းချက်းဝါးချက်ပြေပျစ်မှုစသည်တို ့ပြည့်စုံမှသာ
ဂီတသံဖြစ်ပေါ်သည်။သုတေသနပြုမှုတစ်ခုအရ ဂီတသမားများအစုနှင့် ဂီတသမားများ မဟုတ်
သူများအစုကို သီခြားစီခွဲ္ပ တေး သီချင်းများ တီးမှုတ်စေသောအခါ ဂီတသမား မဟုတ်သူတို ့၏
တေးဂီတသည်ဆူညံသံအဖြစ်သာ ခံစားရကြောင်းသိရပြီး ဂီတသမားများအစုက တီးခတ်သော
တေးဂီတသည် နားဝင်ချိုလှကြောင်းသိရသည်။
ဂီတကို ပြန်ပြီး သရုပ်ခွဲကြည့်သောအခါ။
၁။တိကျမှန်ကန်သော နရီနှုန်းများ စနစ်တကျရှိနေခြင်း။
၂။သံစဉ်စကေးများကို သူ ့နေရာနှင့် သူစနစ်တကျ အနိမ့်အမြင့် မှန်ကန်စွာသုံးစွဲခြင်း။
၃။တူရိယာ ပစ္စည်းများကို ကျွမ်းကျင်စွာတီးခတ်နိုင်ခြင်း စသည့်အချက်များကို တွေ ့ခဲ့
ကြသည်။ထို ့အပြင် သီချင်းသီဆိုခြင်းတွင် သံစဉ်အနိမ့်အမြင့်ပေါ်လွင်တိကျခြင်း။။ဒိုင်းနမစ်
(ကျယ်သောအသံနှင့်နူးညံ့မှု)များကို လှပစွာတန်ဆာဆင်ခြင်းဖြင့်ဖြစ်ပေါ်လာသော အရည်အသွေးသည် ဂီတပင်ဖြစ်သည်။အဓိကအားဖြင့် ဂီတတွင်
၁။သီချင်းရေးသားစပ်ဆိုမှု
၂။သီဆိုသူ
၃။တေးဂီတဖန်တီးတီးခတ်မှု စသည်တို ့ပါ၀င်သည်။ဂီတအမျိုးအစားများ များစွာရှိပြီး
ဂီတအမျိုးအစားများကို ဂီတစတိုင်များဟုလည်း ခေါ်ကြသည်။
၁.Rock
၂။Country
၃။ Blues
၄။ Classical
၅။Jazz
၆။Pop
စသည်ဖြင့် စုံလင်လှပြီး စတိုင်အသစ်များကနေ တိုးတက်ဖွံ ့ဖြိုးလျက်ရှိသည်။
ကလေးများနှင့် ဂီတ
ကလေးများ၏ ငယ်စဉ်ဘဝမှာပင် မိခင်ဖြစ်သူ၏ သားချော့တေးသံ တီတီတာတာကို နား
ဆင်ခဲ့ရခြင်း သားချော့သီချင်းသံများကို ကြားခဲ့ရခြင်းကြောင့် ဦးနှောက်ဖွံ ့ဖြိုးစ အရွယ်တွင်ပင် သူ
တို ့၏နှလုံးသားမှာ ခံစားနေနိုင်ပြီဖြစ်သည်။စာသင်ခန်းအတွင်း သင်ခန်းစာများနှင့် နပန်းလုံးနေကြ
ရသော ကလေးတို ့၏ ဦးနှောက်သည် ဂီတကြောင့် အပန်းဖြေနိုင်ဖွယ်ရာဖြစ်သည်။လေ့လာတွေ ့ရှိ
မှုများအရ ဂီတကို စိတ်ဝင်စားသူ ကလေးငယ်တို ့၏မှတ်ဉာဏ်သည် ပိုမိုတိုးတက်ဖွံ ့ဖြိုးနေကြောင်း
တွေ ့ရသည်။
သူတို ့သည်တေးသီချင်း သင်္ကေတများကို မှတ်သားထားနိုင်ခြင်း၊တေးသီချင်း သံစဉ်များ
ကို မှတ်သားထားနိုင်ခြင်း တီးကွက်များကို မှတ်သားထားနိုင်ခြင်း ကြောင့် မှတ်ဉာဏ်ပိုမိုတိုးတက်ဖွံ ့
ဖြိုးကြောင်း တွေ ့ကြရသည်။သုတေသနပြုသူအချို ့၏ သုတေသနပြုချက်အရ ဂီတပညာရှင်တို ့၏
သီချင်းအပေါ် မှတ်သားမှုများကို လေ့လာကြည့်ရာတွင် မှတ်သားမှု ဉာဏ်ရည် အလွန်ကောင်းနေ
ကြောင်းတွေ ့ရသဖြင့် ထိုမှတ်သားမှု ဉာဏ်ရည်ကို ကျောင်းစာဖက်တွင်သာ အသုံးပြုလိုက်ပါက အ
လွန်ဉာဏ်ရည်မြင့်သော ပညာရှင်များလည်း ဖြစ်လာနိုင်သည်ဟုကောက်ချက်ချကြသည်။
ကလေးများကို စာသင်ချိန်ပြင်ပတွင် ကိုယ်လက်လှုပ်ရှား ကစားမှုများ ပြုလုပ်သင့်သလို
သူတို ့၏ စိတ်အာရုံကိုနူးညံ့ပျော့ပြောင်းမှုရှိစေရန် ဂီတတစ်ခုခုတွင် ရှိစေခြင်းဖြင့် ဦးနှောက်နွမ်း
နယ်မှုကို ပြေလျော့စေနိုင်ကြောင်း ကလေးသုတေသီအချို ့ကထုတ်ဖော်ခဲ့ကြသည်။
၁။ကလေးများ သိလွယ်သော သီချင်းတစ်ပုဒ်ကို မည်သည့်ဘောင် မည်သည့်စည်းကမ်း
မျှမထားဘဲ လွတ်လပ်စွာ သီဆိုစေခြင်း။
၂။သီဆိုရာတွင် တစ်ဦးခြင်းဖြစ်စေ၊ အုပ်စုဖြင့်ဖြစ်စေ၊ တစ်တန်းလုံး သံပြိုင်ဖြစ်စေ သီ
ဆိုစေခြင်း စသည်တို ့အခါအားလျော်စွာပြုလုပ်ပေးခြင်းဖြင့် ကလေးများတွင် ရှိလာနိုင်သော
စိတ်ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေသည်။
တူရိယာအစား တစ်စုံတစ်ခုကို အစားထိုးခြင်း
ဖန်ခွက် အရွယ်တူ ရ လုံးတွင် ရေ ထုထည်မတူညီအောင် ဖြည့်စေပြီး မတူညီသောသံ
စဉ် ရ ပါးကို ဖြစ်ပေါ်စေပြီး စားသောက်ဆိုင်သုံး ၀ါးတူလေးများဖြင့် ဖန်ခွက်နှုတ်ခမ်းများကို ထိ
ခတ်တီးခတ်ပြီး သံစဉ်အနိမ့်အမြင့်ကို သိစေခြင်း။
၂။လက်ခုပ်များကို စည်းချက်ကျကျ တီးခတ်နိုင်အောင် သင်ပေးပြီး ရိုက်ပုတ်တီးခတ်
ခြင်းအတွက် နရီစည်းဝါးကို နားလည်စေခြင်း။တေးသီချင်းများတွင် အများအားဖြင့် လေးချက်
စည်းဖြစ်သော 4/4 timing ကို လူအများစည်းချက်လိုက်ရန်လွယ်ကူသော်လည်း မဂဏန်းနရီ
ဖြစ်သည့် 3/4 timing များအတွက် စည်းချက်လိုက်ရန် ခက်ခဲမှုရှိနေတတ်သည်။ထို ့အပြင်
Drum အပါအဝင် ရိုက်ပုတ်တီးခတ်နိုင်သော တူရိယာများအတွက် ထိုလက်ခုတ်တီးခတ်မှုများ
မှ တဆင့် နားလည်သဘောပေါက်သွားစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်။
၃။အနောက်နိုင်ငံတချို ့တွင် တူရိယာ အစားထိုး အခြားဖန်တီးမှုများဖြင့် သံစဉ်ဖြစ်စေ
သော တီးခတ်မှုများကို ကလေးများအား စနစ်တကျသင်ပေးပြီး ဖျော်ဖြေပွဲများ ပြုလုပ်ပေးပြီး
ကလေးတို ့၏မိမိကိုယ်မိမိယုံကြည်မှုကို မြှင့်တင်ပေးကြသည်။
၄။စင်ပေါ်တွင် အများရှေ ့မှာ မိမိတတ်ကျွမ်းသမျှကို ပိုင်ပိုင်နိုင်နိုင် တီးခတ်ပြနိုင်ခြင်းဖြင့်
အထီးကျန်နေသော ကလေးများ အားငယ်နေသော ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာအ
ထောက်အပံ့ကိုဖြစ်စေနိုင်သည်။
ဂီတကို စိတ်ဝင်စားသော ကလေးများ
လူတို ့တွင်မွေးရာပါ အရည်အချင်းကိုယ်စီရှိကြသည်ဖြစ်၍ အချို ့ကလေးများတွင်ထူး
ကဲသော ဂီတစွမ်းရည်များရှိနေတတ်သည်။ထိုကလေးမျိုးသည် ပါရမီရှင်များလည်း ဖြစ်နိုင်၏။
သူတို ့တွင် ငယ်စဉ် စကားမပီသည့်အချိန်ကတည်းက သီချင်းများကို အနိမ့်အမြင့်မှန်ကန်စွာသီ
ဆိုနိုင်ခြင်း နရီစည်းဝါးများကို မှန်ကန်စွာ သိခြင်း စသည့်အချက်များတွေ ့ရသည်။
မည်သို ့ပင်ဖြစ်စေကာမူ ဂီတကို စိတ်ဝင်စားသော ကလေးများ၏ စိတ်နှလုံးတွင်ခက်
ထန်ကြမ်းတမ်းမှုများ ရှိနေမည်မဟုတ်ပါ။တူရိယာ အလွယ်တကူရှိသည်ဖြစ်စေ အလွယ်တကူ
မရှိသည်ဖြစ်စေ ဂီတကို မစိမ်းခြင်းဖြင့် ဂီတမှရသော စိတ်နှလုံးနူးညံ့ပျော့ပြောင်းမှုမျိုးကို ကလေး
များရရှိလာနိုင်သည်။
ဂီတအပေါ် မှတ်သားမှု ဉာဏ်ပညာကြောင့်လည်း တိုးတက်လာသည့် ဦးနှောက်ဖွံ ့ဖြိုး
မှုကို ကျောင်းသင်ခန်းစာများအတွက် ပို အသုံးပြုလာနိုင်သည်။ beat, rhythm, နှင့် scalesများ
ကို လေ့လာစေခြင်းဖြင့် ဂီတ၏လျှို ့ဝှက်နက်နဲမှုများမှ သချာင်္ဆိုင်ရာ သဘောတရားများကို( ဥပ
မာ အပိုင်းကိန်း ဆိုင်ရာ သင်ခန်းစာများ )သိလွယ်တတ်လွယ်သွားနိုင်ခြင်း စသည့် အကျိုးကျေး
ဇူးများကိုလည်း ပြန်လည်ရရှိစေသည်။
ကလေးများအတွက် Music Education အစီအစဉ်ပြုလုပ်ပေးခြင်းကြောင့်
၁။အသင်းအဖွဲ ့များတွင် အဖွဲ ့ဝင်တစ်ယောက်အဖြစ် တာဝန်ကျေနိုင်သလို ခေါင်း
ဆောင်တစ်ယောက်အဖြစ်လည်း တာဝန်ယူနိုင်လာခြင်း။တေးသီချင်းများကို သီဆိုတီးမှုတ်ရာ
တွင် အဖွဲ ့လိုက် အစုလိုက်သီဆို တီးမှုတ်ရသည့်အခါ စည်းလုံးညီညွှတ်မှု အချင်းချင်း ယိုင်းပင်း
ကူညီမှု စိတ်ဓာတ်များကို ဖြစ်ပေါ်စေနိုင်ခြင်းကိုရရှိနိုင်သည်။
၂။ရုပ်ပိုင်းဆိုင်ရာ ဖွံ ့ဖြိုးတိုးတက်မှုဖြစ်စေခြင်း။တီးခတ်သော သို ့မဟုတ် သီဆိုမှုများ
တွင် ကိုယ်ကာယလှုပ်ရှားမှုများ ( ဂီတစီးကြောင်းတွင် အယိမ်းအနွဲ ့လှုပ်ရှားမှုများ )ကြောင့် က
လေးတို ့၏ကိုယ်ကာယဖွံ ့ဖြိုးစေနိုင်သည်။
၃။ပေါင်းသင်းဆက်ဆံရေး တိုးတက်လာခြင်း။
ကလေးများတွင် မတူညီသော စိတ်ဓာတ်ရှိကြသည်ဖြစ်၍ တစ်ကိုယ်ကောင်းဆံမှုများ
အားငယ်မှုများ၊သိမ်ငယ်မှုများ၊၀မ်းနည်းမှုများ ခံစားနေရသော ကလေးများအတွက် ဂီတဖြင့်ပေါင်းသင်းဆက်ဆံရေးတွင် သဟဇာတဖြစ်စေနိုင်သည်။
၄။စည်းကမ်းလိုက်နာတတ်သော ကလေးများဖြစ်လာခြင်း။
အသင်းအဖွဲ ့တစ်ခုတွင်၄င်း၊ တီးခတ်မှု ဥပဒေများတွင်၄င်း စည်းမျဉ်းနှင့် စည်းကမ်းများ
ရှိသည်ဖြစ်၍ ကလေးများအနေဖြင့် ဂီတဘာသာရပ်တွင် စည်းကမ်းလိုက်နာတတ်သောကလေး
အဖြစ်မှ လူမှုဘဝတစ်လျှောက်လုံးတွင် စည်းကမ်းလိုက်နာတတ်သော သူတစ်ယောက်အဖြစ
တစ်သက်တာလုံးဖြစ်ပေါ်သွားနိုင်သည်။
၅။ဂီတကို ချစ်မြတ်နိုးခြင်းကြောင့် အခြား ယဉ်ကျေးမှုများအပေါ်တွင်လည်း လေးစား
မြတ်နိုးမှုများဖြစ်ပေါ်စေသည်။ဥပမာအားဖြင့် ဂီတကို ချစ်မြတ်နိုးသော ကလေးတစ်ယောက်
သည် ပန်းချီ၊စာပေ၊ရုပ်ရှင် နှင့် အခြားယဉ်ကျေးမှုများအပေါ် လေးစားချစ်ခင်မှုဖြစ်စေသည်။
၆။ငယ်စဉ်ကတည်းးက ရှက်တတ်ကြောက်တတ်သော ကလေးတို ့သည် ဂီတဖြင့်ရဲဝံ့
မှုကိုရရှိသွားနိုင်သည်။သူတီးခတ်သော တူရိယာကြောင့် လူအများရှေ ့တွင် တစ်ဦးတည်းဖျော်
ဖြေမှုမျိုးကို ပြုလုပ်လာနိုင်သည်။
ကလေးသုသေသနပညာရှင်တို ့က ဂီတကြောင့် အကျိုးရနိုင်မှုများကို ဖော်ပြသည်။
၁။Puberty အပျိုပေါက် လူပျိုပေါက်ဝင်ချိန်တွင် ဖြစ်ပေါ်တတ်သော စိတ်ကစားမှုများ
ကို လျော့ချနိုင်သလို ရှက်ရွံ ့မှုများကိုလည်း ပြေပျောက်စေသည်။
၂။Friends အပေါင်းအသင်း သူငယ်ချင်းအသစ်များ တိုးပွားစေသည်။
၃။Disablility ချို ့ယွင်းမှုများကို ကုစားနိုင်သည်။
၄။Shyness ရှက်ရွံ ့မှုများကို ပြေပျောက်စေသည်။
၄။Intellctural အသိဉာဏ်ပိုမို ဖွံ ့ဖြိုးစေသည်။
၅။တစ်ကိုယ်ရေ အမူအကျင့်များ တိုးတက်စေသည်။
၆။ကိုယ်ကာယ ကျန်းမာစေသည်။စသည့်အချက်များကို ဖော်ပြကြသည်။
ထို ့ကြောင့် ကလေးငယ်များ အထူးသဖြင့် ကျောင်းနေကလေးများအတွက် ဂီတသည်
အထူးအရေးကြီးသော အချက်ကြီးတစ်ခုအဖြစ်ပါ၀င်နေလေတော့သည်။

ကုန်ပစ္စည်းအင်္ဂါရပ်များ :

-

ပါဝင်သည့်ပစ္စည်းများ :

Delivery အချက်အလက် :

တစ်နိုင်ငံလုံးပို့ဆောင်ခအသက်သာဆုံးနှင့် အရွယ်အစား (၂ပေပတ်လည်အောက်)ပစ္စည်းများ ပစ္စည်းရောက်ငွေချေနိုင်သော(CODစနစ်) ဖြင့် 3 ရက်မှ 10 ရက်အတွင်း သင့်အိမ်ရှေ့အရောက် မှာယူတဲ့ပစ္စည်းလေး ရောက်ရှိလာပါမယ်။

ဘယ်လိုရောင်းရမလဲ :

ကြည့်ရန်ဤနေရာကိုနှိပ်ပါ

ပြန်လည်ပေးပို့ခြင်းမူဝါဒ :

ပစ္စည်းအမှားအယွင်းတစုံတရာ ရှိပါက ပစ္စည်းရောက်ရှိပြီး တရက်အတွင်း အကြောင်းကြား၍ ပစ္စည်းပြန်လည်ပို့ဆောင်ပေးလျှင် အသစ်ပြန်လဲ ပေးမှာဖြစ်ပါတယ်။ ( ပစ္စည်းအသစ်အနေအထား ယိုယွင်းပျက်စီးနေပါက လဲလှယ်ပေးမည် မဟုတ်ပါ ) ငွေပြန်အမ်းခြင်းသီးခံပါ။

Open Size/Color Alert
09753288730